လစဉ်အမြဲရွေးချယ်ပေးနေတဲ့ မြန်မာ့အောင်ဘာလေထီမှာ သိန်းဆုရှင်ကြီးတွေကတော့ ပရိသတ်တွေကြားမှာများစွာရှိခဲ့ပါပြီ။ ဒီကနေ့ ဇူလိုင်လအတွက်လည်း သိန်းဆုရှင်များစွာကို ရွေးချယ်ပေးခဲ့ပြီး ပရိသတ်တွေမျှော်လင့်နေတဲ့ ကျပ်သိန်းတစ်သောင်းခွဲကံထူးရှင်တစ်ဦးကတော့ ထပ်မံပေါ်ထွက်လာခဲ့ပြန်ပါပြီ။ အဆိုပါ သိန်းတစ်သောင်းခွဲကံထူးရှင်ကတော့ ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့မှ အဖွားအိုတစ်ဦးဖြစ်ကြောင်း သိရပါတယ်။  

ဇူလိုင်လ တစ်ရက်နေ့ ဒီကနေ့ နံနက်အစောပိုင်းက အောင်ဘာလေသိန်းဆုကံထူးရှင်တွေကို မဲနှိုက်ကံစမ်းပေးခဲ့ပြီး ဆုမဲပေါင်းများစွာကို အနယ်နယ်အရပ်ရပ်မှ ကံထူးခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ ကံထူးသူတွေထဲမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ငွေကျပ်သိန်းတစ်သောင်းခွဲဆုကို ဟင်္သာတမြို့ အေးမြသာယာရပ်ကွက် လောင်းဘုရားလမ်းသွယ်မှ အဖွားဒေါ်ခင်တင့်အမည်ရှိသူက ကံထူးခဲ့ကြောင်းသိရပါတယ်။  

ဆင်းရဲတဲ့တောသူတောင်သားတစ်ယောက်ဖြစ်ပြီး သိန်းတစ်သောင်းကံထူးမှုကြောင့် မျက်ရည်ကျမတက်ဝမ်းသာနေရကြောင်းသိရပါတယ်။ လစဉ်ကံထူးသူတွေထဲမှာ ကြည်နူးစရာအကောင်းဆုံး ကံထူးရှင်တစ်ဦးဖြစ်တဲ့ အဖွားဒေါ်ခင်တင့်ရဲ့ သိန်းတစ်သောင်းခွဲကံထူးမှု ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

video - myanmar online news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။