အောင်ဘာလေထီ ငွေကျပ်သိန်းတစ်သောင်းခွဲဆုအား ဟင်္သာတမြို့မှ ငွေကြေးချို့တဲ့သူ အမေအိုက ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါတယ်။ အဆိုပါဆိုကု ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့ဒီကနေ့မှာထွက်ရှိတဲ့ (၅)ကြိမ်မြောက် ကျပ် (၁၀၀၀)တန် အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ဆွတ်ခူးရရှိခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဆင်းရဲလွန်းတဲ့ ဘဝတစ်ခုမှာနေထိုင်ရသူတစ်ဦးဖြစ်ပြီး ဘဝအတွက် ကိုယ်တိုင်ရုန်းကန်နေရသူတစ်ဦးလည်းဖြစ်ကြောင်းသိရပါတယ်။  

အဖွားရဲ့နာမည်ကတော့ ဒေါ်ခင်တင့်ဖြစ်ပြီး ထီပေါက်မှုနဲ့ပတ်သက်ပြီး “အမေ့ယောကျာ်းက စစ်သား၊ သူက ဆုံးသွားပြီ။ ပင်စင်ရတယ်။ ၈၇၅၀ ရတယ်။ အမေဟိုတုန်းကတော့ ရေမုန့်ထိုးရောင်းတယ်၊ မုန့်ကြိုးလိမ် လုပ်ရောင်းတယ်။ နှစ်မျိုး သုံးမျိုး အမေကြီးက လုပ်ရောင်းတာ။ ရပ်ကွက်တွေထဲမှာ လှည့်ရောင်းပြီးမှ ဂုံးပေါ်မှာ ထိုင်ရောင်းတာ။ တာပေါ်မှာ ထိုင်ရောင်းတာ။ သားတွေကို အဲလို လုပ်ကျွေးခဲ့တာ။ အမေက အခုတော့ ဘာမှမလုပ်နိုင်တော့ဘူး။ သားသမီးတွေပေးတာနဲ့ အဲဒီ့ပင်စင်နဲ့ စားတယ်။ အမေ့ အသက်က ၈၀ ရှိပြီ။ ထီက တစ်ခါမှ မပေါက်ဖူးဘူး။ အခုတစ်ခါမှ ပေါက်ဖူးတာ။ ကြွေး လစဉ်ထိုးတာ။ အခုတစ်ပတ်က မပေးနိုင်သေးဘူး။ နေမကောင်းလို့ ဆေးထိုးတာ တစ်သောင်းကုန်တယ်။ ထီဖိုးက ၅၀၀၀ ပဲ ပေးရသေးတယ်။ ထီဖိုး ၆၀၀၀ ကျန်သေးတယ်။ ဝမ်းသာလို့ ဘယ်လိုပြောရမှန်း မသိဘူး။ ဝမ်းသာလိုက်တာ။ မရှိလွန်းအားကြီးလို့။ သားတွေ ပေးတယ်၊ ဆေးထိုးလိုက် လှူလိုက်၊ ဟိုက အလှူခံလာလည်း ၅၀၀ လှူတယ်။ လက်ထဲရှိတဲ့ ၅၀၀ လှူ၊ ၁၀၀၀ လှူ၊ အဲလိုလှူတယ်။ ထီတော့ ပေါက်ပါစေဘုရား၊ လှူချင်လွန်းလို့ပါဆို ဟုတ်တယ် ပေါက်တယ်။ လှူမှာလို့ပြောပြီးတော့ ထီထိုးတာ။ အမေကြီးက စားလည်းစားမယ်၊ လှူလည်းလှူမယ်။ ရွာကို မပြန်ရသေးဘူး၊ ပိုက်ဆံမရှိလို့။ ထီလည်း ထိုးနေတာ။ လစဉ်ထီထိုးတာ။ ထီတောင် ကြွေးထိုးရတာ။ ၆၀၀၀ ကျန်သေးတယ်။ အမေကြီးလည်း အခုလိုဆိုတော့ ပြန်လို့ရပြီ။ ထီပေါက်လို့ဝမ်းသာလို့ ရွာပြန်မှာ။ အမေက ပေါက်၊ ပခုက္ကူ အဲဒီ့ကို ပြန်ဦးမှာ။ ထီလည်း ပေါက်သွားပြီ။ သားတွေ လိုက်ပို့လို့ဆိုပြီး ပြောမှာ”ဟု ၍ရင်ဖွင့်ခဲ့ပါတယ်။ 

အသက် ၈၀ အရွယ် ရှိပြီဖြစ်တဲ့ ကံထူးရှင်ဒေါ်ခင်တင့်မှာ လက်ရှိတွင် ဟင်္သာတမြို့၊ အေးမြသာယာရပ်ကွက်ရှိ အလောင်းဘုရားလမ်းသွယ်၌ ဝါးအိမ်လေးဖြင့် နေထိုင်နေရ သူဖြစ်ပြီး သူ့ဘ၀ သက်တမ်းတစ်လျှောက် ပထမဦးဆုံးအကြိမ်အဖြစ် အောင်ဘာလေထီပေါက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ သိန်းတစ်သောင်းခွဲဆုကြီးနဲ့အတူ ကျန်ရှိနေသေးတဲ့ဘဝမှာ အလှူအတန်းတွေနဲ့အတူ စိတ်ချမ်းချမ်းသာသာဖြတ်သန်းသွားနိုင်ဖို့ ဆုတောင်းပေးရင်း ကံထူးရှင်အဖွားအိုရဲ့ နေထိုင်ရာပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

pHOTOS - အောင်ကျော်မျိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။