မန်​ချက်​စတာယူနိုက်​တက်​အသင်​းဟာမ​နေ့ညကမန်​းဒါးလက်​ကိုအနိုင်​ကစားနိုင်​ခဲ့တာ​ကြောင်​့အိုးထရပ်ဖို့ဒ်​မှာမှတ်​တမ်​း​ကောင်​း​တစ်​ခုကိုရရှိ​နေပြီဖြစ်​ပါတယ်​။

မ​နေ့ညကအိုးထရပ်​ဖို့ဒ်​မှာကစားခဲ့တဲ့ယူရိုပါလိဂ်​ကွာတားဖိုင်​နယ်​ပွဲစဉ်​မှာလည်​းမန်​ယူဟာအန်​းဒါးလက်​ကိုအချိန်​ထိကစားခဲ့ရပြီး၂ဂိုး၁ဂိုးနဲ့အနိုင်​ရရှိခဲ့တာ​ကြောင်​့ယူနိုက်​တက်​ရဲ့အိမ်​ကွင်​းရှံုးပွဲမရှိမှတ်​တမ်​းဟာ၂၆ပွဲထိရှိသွားခဲ့ပြီဖြစ်​ပါတယ်​။

အဆိုပါ၂၆ပွဲမှာ​တော့မန်​ယူဟာ၁၇ပွဲနိုင်​၉ပွဲသ​ရေရလဒ်​ကိုရရှိခဲ့ပြီးလွန်​ခဲ့တဲ့၂၀၁၁ခုနှစ်​ကအိမ်​ကွင်​း၃၇ပွဲဆက်​ရှံုးပွဲမရှိစံချိန်​​ရရှိပြီး​နောက်​ပိုင်​းအရှည်​ကြာဆုံးမှတ်​တမ်​းဖြစ်​​နေပါတယ်​။

မန်​ယူရဲ့​နောက်​ဆုံးအိမ်​ကွင်​းရှံုးပွဲကြံု​တွေ့ခဲ့ရတဲ့ပွဲစဉ်​က​တော့လွန်​ခဲ့တဲ့စက်​တင်​ဘာ၁၀ရက်​​နေ့ကမန်​ချက်​စတာစီးတီးအသင်​းကိုအိမ်​ကွင်​းမှာ၂ဂိုး၁ဂိုးနဲ့ရှံုးနိမ်​့ခဲ့တဲ့မန်​ချက်​စတာဒါဘီမှာပဲဖြစ်​ပါတယ်​။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။