ပြည်တွင်း ဆိုးရွားလာတဲ့ရာသီဥတုနဲ့အတူ သဘာဝပျက်ဆီးမှုတွေများစွာရှိခဲ့ပါတယ်။ အဆိုပါပျက်ဆီးဆုံးရှုံးမှုတွေအတွက် ပြင်ဆင်မှုတွေနဲ့အတူ ပြန်လည်စိုက်ပျိုးမှုတွေလည်း များစွာပြုလုပ်လာကြပါတယ်။ ပြည်တွင်း ဒေသခံပြည်သူများစွာနဲ့အတူ သိုက်ပျိုးခဲ့ကြတဲ့ မိုးရာသီသီးနှံစိုက်ပျိုးမှုတစ်ခုကတော့ ပရိသတ်တွေကြားမှာ ထင်ရှားခဲ့ပါတယ်။

အဆိုပါ သိုက်ပျိုးမှုကတော့ နိုင်ငံတော်နှင့် ပြည်သူများအတွက် တိုက်ရိုက်အကျိုးဖြစ်စေရုံသာမက ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုများကို တစ်ဖက်တစ်လမ်းမှ ကာကွယ်တားဆီးရာတွင် အထောက်အပံ့ဖြစ်သည့် သစ်ပင်စိုက်ပျိုးမှုသည် လူသားတို့ အသက်ရှင်ရပ်တည်ရေးနှင့် သဘာဝပတ်ဝန်းကျင်၊ သဘာဝအရင်းအမြစ်များ ရေရှည်ရရှိနိုင်ရေးအတွက် ရည်ရွယ်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူထုပူးပေါင်း ပါဝင်သည့် ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ဒီကနေ့ နံနက်(၇)နာရီက ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တောင်ရပ်ကွက် ရေကြည်ခုနှစ်ပေါက်၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရပါတယ်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က "သစ်ပင်စိုက်ပျိုးခြင်းဖြင့် ရေအရင်းအမြစ်များဖြစ်တဲ့ စိမ့်စမ်း၊ ရေထွက်၊ ရေကန်၊ ဆည်တမံများ ရေရှည်တည်တံ့ရေး အတွက် အထောက်အကူပြုပါတယ်။ မိမိတို့နေထိုင်တဲ့ပတ်ဝန်းကျင် စိမ်းလန်းစိုပြေတဲ့ အခြေအနေကောင်း များကို ထိန်းသိမ်းကြဖို့နဲ့ ကလေးသူငယ်များမှစပြီး လူငယ်၊ လူကြီးများအထိ လက်ဆင့်ကမ်းတာဝန်ယူ အမွေဆက်ခံ သွားရမှာဖြစ်ပါတယ်။

ယခုနှစ်မိုးရာသီမှာ ဟိုပုံးမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန အနေဖြင့် ထင်းရှူး၊ ရေသင်းဝင်၊ မယ်ဇလီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာစတဲ့ ပျိုးပင်(၃၇၀၀၀)ပင်၊ နှစ်ရှည် သီးပင်စားပင်ဖြစ်တဲ့ ထောပတ်ပင်(၂၂၀၀၀)ပင် ပျိုးပင်စုစုပေါင်း (၅၉၀၀၀)ပင် တို့ကို ဖြန့်ဝေပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် စီမံချက်များ ရေးဆွဲကာ ဌာနဆိုင်ရာရုံးများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်ကျေးရွာအုပ်စု များတွင် စိုက်ပျိုးဆောင်ရွက်လျက် ရှိပါတယ် " ဟုပြောကြားခဲ့ပါတယ်။ ထို့နောက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသူ (၁၅၀၀)ဦးခန့်တို့က သစ်မျိုး(၈)မျိုးကို စိုက်ပျိုးခဲ့ကြကြောင်း သိရပါတယ်။

source - Moi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။