လက်တလော ဆိုးရွားနေတဲ့ ရာသီဥတုအခြေအနေတွေကြောင့် ပြည်တွင်း နေရာအနှံ့အပြားမှာ ပြင်မှုတွေနဲ့ ကြိုတင်ကာကွယ်မှုတွေပြုလုပ်နိုင်ရန်ပြင်ဆင်လျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ပြုလုပ်မှုတွေထဲမှာ အလွန်ကြောက်စရာကောင်းတဲ့ ငလျင်ဒဏ်ကာကွယ်ရေးအတွက် ကြိုတင်သတိပေးမှုတွေနဲ့အတူ လေ့ကျင့်မှုတွေကိုပြုလျှက်ရှိကြောင်း သိရပါတယ်။  

အဆိုပါ ပြုလုပ်မှုတွေထဲမှာ အနာဂတ်ကျောင်းသားကျောင်းသူများ ငလျင်ဘေးအန္တရာယ် ကြုံတွေ့လာပါက ဆောင်ရန် ရှောင်ရန် နည်းလမ်းများသိရှိစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ငလျင်ဘေး အန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် သရုပ်ပြပွဲကို ဒီကနေ့ နံနက် ၉နာရီက မောက်မယ်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ ။ရှေးဦးစွာ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဟိန်းလင်းထိုက်မှ ငလျင်ဘေး အတွက် ကြိုတင်ပြင်ရန်အချက်များကို ရှင်းလင်းပြောပြခဲ့ပါတယ်။  

ထို့နောက်ငလျင်ပြင်းအားများ၊ ငလျင် လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရန်အချက်များနှင့် အသက်ကယ်နည်းများကို ရှင်းလင်း ဟောပြောခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကျောင်းသား ကျောင်းသူများနှင့် အတူပူးပေါင်း၍ ဇာတ်တိုက် လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။

SOURCE - mOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။