မိုးရာသီရောက်ရှိလာတာနဲ့အမျှ ပြည်တွင်းတိုင်းဒေသကြီးအနှံ့အဖျားမှာ လေပြင်တိုက်ခတ်မှုတွေနဲ့အတူ မိုးရွာသွန်းမှုပြင်းထန်မှုတွေကတော့ မကြာခဏဖြစ်ပွားလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ မိုးရွာမှုနဲ့လေပြင်းတိုက်ခတ်မှုဒဏ်တွေကို ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ နေ့စဉ်နီးပါးတွေ့မြင်နေရတာပဲဖြစ်ပါတယ်။  

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် မနေ့က ညနေ ၆ နာရီ ၄၅ မိနစ် အချိန်ခန့်က မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် (၄၄) ရပ်ကွက်နှင့် (၄၃) ရပ်ကွက်တို့တွင် နေအိမ်နှစ်လုံးပေါ်သို့ ကုက္ကိုလ်ပင်လဲကျခဲ့ကြောင်း သိရပါတယ်။အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့် (၄၄) ရပ်ကွက်၊ ကျောက်စိမ်း (၁)လမ်း၊ အိမ်အမှတ်(၁၂၈)နေ ဦးနေလင်း၏ နေအိမ်ရှေ့နှင့် မော်တော်ယာဉ်ပေါ်သို့ ကုက္ကိုလ်ပင်လဲကျပြီး ၁၅× ၃၀ ပေ အုပ်ညှပ် တစ်ထပ်အိမ်မှ ဆန်းရှိတ်နှင့် ကားနောက်လေကာမှန်တို့ ပျက်စီးသွားပြီး (၄၄) ရပ်ကွက်၊ ကျောက်စိမ်း(၄)လမ်းနှင့် (၆)လမ်းထောင့်၊ အမှတ် (၁၇၁) ရှိ ဦးကျော်မျိုးဦး၏ ၂၀× ၄၀ ပေ သွပ်မိုး၊ ပျဉ်ကာ တစ်ထပ် နေအိမ် နောက်ဖေးမီးဖိုချောင်တို့ ပျက်စီး သွားကြောင်းသိရပါတယ်။ 

အဆိုပါလေပြင်း တိုက်ခတ်ရာသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် လျှပ်စစ်ဝန်ထမ်း များနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ပန်းဥယျာဉ်ဌာနမှ ဝန်ထမ်းများက ညတွင်းချင်း ရှင်းလင်း ခဲ့ကြကြောင်း သိရပါတယ်။ မကြာခဏကြားသိနေရတဲ့ လေပြင်းတိုက်ခတ်မှုတွေထဲမှာ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့သလို ပျက်ဆီးဆုံးရှုံးမှုများပြားခဲ့တဲ့ အဆိုပါဖြစ်စဉ်ပုံရိပ်အချို့ကို မျှဝေပေးလိုက်ပါတယ်။

SOURCE - MOI

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။