New Version realme C2 ကတော့ Diamond Design , Budget King ဒီဇိုင်းတွေက တစ်ကယ်ကို လှပ ဆွဲဆောင်မှုရှိစေပြီး တန်ဖိုးသင့် အရည်သွေးကောင်းတဲ့ စမတ်ဖုန်းဆိုလည်း မမှားပါဘူး။ မျက်နှာပြင်ဒီဇိုင်း ကို နှင်းစက်ပုံစံဖန်တီးထားပြီး HD+ ရုပ်ထွက်အရည်းအသွေးကတော့ 6.1-inch ရှိပါတယ်။ ဖုန်းဝယ်မယ် ဆိုရင် များသောအားဖြင့် ကင်မရာကိုအဓိကထားကြည့်ကြတဲ့အတွက် 13MP+2MP AI Dual Camera ကိုတပ်ဆင်ထားတဲ့ Realme ကတော့ ရိုက်ချက်တွေ အတွက်ပြောစရာမလိုလောက်အောင်ပါပဲ Bokeh effect ၊Artificial Intelligent ၊ စနစ်တွေ ထည့်သွင်းထားပါတယ်။ ရှေ့ဘက်selfie ကင်မရာ ဟာ5MP နဲ့ဆိုတော့ social Platform အတွက် ကြည်လင်တောက်ပတဲ့ အလှဆုံး ပုံတွေကိုပေးစွမ်းနိုင်မှာပါ။


Battery ပိုင်းကတော့ စိတ်မပူပါနဲ့ 4000mAh သုံးထားတာကြောင့် လုံးလုံးလောက်လောက်ကို ရရှိစေပါတယ်။ Battery အားအပြည့်ရှိနေမှာတော့ Mobile Legends ၊ PUBG ဂိမ်းမျိူးတွေကိုလည်း ကစားနိုင်တာပေါ့။ ဒီ Realme က 4G ကွန်ရက် ဆင်းကဒ်(2) ကဒ် ၊ပြီးတော့ 256GB အထိ သိုလှောင်နိုင်တဲ့ extra SD ကဒ် slot ကိုတစ်ပါတည်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Accessory ပစ္စည်းတွေ (အားသွင်းကြိုး၊ အားသွင်းခေါင်း) ကို ၆လအာမခံနဲ့ ဖုန်းအတွက် တစ်နှစ်တိတိအာမခံ တို့ကို ထည့်သွင်းပေးထားပါတယ်။ Software ပိုင်းအတွက်က တစ်သက်တာအထိ အာမခံပေးထားလို့ အချိန်မရွေး Service Center တွေမှာပြသပြုပြင်စစ်ဆေးနိုင်တဲ့ service တွေပါ ရရှိခံစားနိုင်မှာဖြစ်ပါတယ်။ realme C2(3+32)ကတော့ 189,000 ကျပ် ဖြစ်ပြီး New Version realme C2(2+16) ကတော့ promotion အနေနဲ့ 139,900 ကျပ်နဲ့ ရောင်းချပေးနေပါတယ်။ ဒီ version တွေရဲ့ ကွာခြား ချက်တွေကတော့ RAM နဲ့ ROM ပဲကွာခြားပြီး ကျန်တာအာလုံး တူတူပဲဖြစ်ပါတယ်။

Leap of Quality ဆိုတဲ့အတိုင်း လူငယ်တွေအတွက် အရည်အသွေးကောင်းကိုထုတ်လုပ်ထားပြီး Profit Mergin ကိုလုံးဝဖြုတ်ချထားတာဖြစ်ပါတယ်။ Realme Smartphone ကို Global Market အိန္ဒိယ နိုင်ငံ ကနေ ၂၀၁၈ မေလ မှာ ဝင်ရောက်ခဲ့ကာ ၁ နှစ်ကျော်ပဲရှိသေးပြီး ခုဆိုရင် ဥရောပဈေးကွက်တွေ ဖြစ်တဲ့ အင်္ဂလန် ပြင်သစ် ၊စပိန် ၊အီတလီ နိုင်ငံအပြင် နိုင်ငံပေါင်း ၂၀ မှာ ကျယ်ကျယ်ပြန့်ပြန့်ရောင်းချပေးနေခဲ့ပါပြီ။ပြီးတော့ 64MP အရည်အသွေးရှိတဲ့ ကင်မရာသုံးထားတဲ့ နောက်ထပ်အံ့အားသင့်စရာထုန်ကုန်ကိုလည်း မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ Dare To Leap ဆိုတဲ့ Brand Message အတိုင်း အခက်အခဲ၊ စိန်ခေါ်မှု၊ အတားအဆီတွေကိုကျော်ဖြတ်ပြီး လုပ်နိုင်တာထက်ပိုပြီး နည်းပညာနဲ့ထုတ်ကုန်တွေကို Leap of Performance, Leape of Design နဲ့ Leap of Quality ဆိုတဲ့စံချိန်စံညွှန်းတွေအတိုင်း ပိုမိုများပြားလာတဲ့ လူငယ်လူရွယ် စမတ်ဖုန်းသုံးစွဲသူတွေအတွက် ထုတ်လုပ် မိတ်ဆက်ပေးသွားဦးမှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။