ဇူလိုင်လ ၇ ရက်နေ့က ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ် အုတ်တွင်း ကျေးရွာ၊ မင်းလှမြို့နယ်၊ ချောင်းဆုံတဲစု ကျေးရွာတို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကြောင့် စပါး စိုက်ပျိုးထားသည့် လယ် ၆ ဧကနှင့် စပါးစိုက်ပျိုး ထားခြင်း မရှိသည့် လယ် ၂၅၄ ဧက၊ စုစုပေါင်း ၂၆၀ ဧက အတွင်းသို့ ရေ ၃ ပေခန့် ဝင်ရောက်ခဲ့ပြီး သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁ လုံး ပြိုလဲပျက်စီးခဲ့သောကြောင့် စုစုပေါင်တန်ဖိုး ၈၉၅,၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ထို့အတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် ရန်ကုန်-မော်လမြိုင် ကားလမ်း မိုင်တိုင်(၁၆၆/၆)အနီး၌ ဓာတ်တိုင် ၂၁ တိုင် လဲကျပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။ 

အလားတူ ဇူလိုင်လ ၆ ရက်နေ့က ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ သွေးကျောက်ကျေးရွာတွင် မိုးရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ဆည်ကွင်းကြီးဆည်၏ မြေသားရေမြောင်းမှာ ကျိုးပေါက်ပျက်စီးခဲ့သဖြင့် တန်ဖိုး ၁,၅၀၀,၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် ရမ်းဗြဲမြို့နယ်၊ ကျက်သရေကျေးရွာ၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဇရပ် ၁ ဆောင် သစ်ပင်ပိ၊ ဓာတ်တိုင် ၁ တိုင် လဲကျပျက်စီးခဲ့ပြီး တန်းဖိုး ၂၂၀,၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။ အလားတူ ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အတွင်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် (၄၄)ရပ်ကွက်၌ AA/×××× Caldina ယာဉ် ၁ စီး သစ်ပင်ပိပျက်စီးခဲ့ရာ တန်ဖိုး ၈၂,၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ပြီး ဒလမြို့နယ်၊ သရောတန်းကျေးရွာ၌ လေဆင်နှာ မောင်းတိုက်ခတ်မှုကြောင့်သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် ၁၀ လုံး၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန် ပျက်စီးခဲ့ကြောင်းနှင့် သစ်ပင်လဲကျမှုကြောင့် ရွာလယ်ရှိ သစ်သားတံတား၏ လက်ရမ်းများ ပျက်စီးခဲ့ရာ စုစုပေါင်းတန်ဖိုး ၁,၆၅၀,၀၀၀ ကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။ 

ထို့အပြင်ဇူလိုင်လ ၇ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကညင် ချောင်းကျေးရွာပါ ၇ ရွာ၊ လပွတ္တာမြို့နယ်၊ ကျွန်းကလေးကျေးရွာပါ ၃ ရွာ၊ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာပါ ၂ ရွာ၊ မအူပင်မြို့နယ်၊ ပလောင်ကျေးရွာ၊ ဝါးခယ်မမြို့နယ်၊ စာကျက်ကျေးရွာ၊ ဇလွန်မြို့နယ်၊ ဓနုဘေးရွာတို့၌ မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်း ၁ ကျောင်း ၊ နေအိမ် ၇၇လုံး အမိုးလန် ပျက်စီးခဲ့ပြီး နေအိမ် ၉ လုံး၊ စာသင်ကျောင်း၁ ကျောင်းနှင့် ဘုရားစေတီ၂ ဆူ တို့ ပြိုကျ ပျက်စီးခဲ့ကြောင်း သိရပါတယ်။ ဒါအပြင် သစ်ပင်လဲကျ မှုကြောင့် ကညင်ချောင်းကျေးရွာ-ရာဇူဒိုင်ကျေးရွာကြားရှိ ချောင်းကူးတံတား၏ လက်ရမ်းပျက်စီးခဲ့ပြီး စုစုပေါင်း တန်ဖိုး ၃၅,၈၄၅,၀၀၀ ကျပ်ခန့်ဆုံးရှုံးခဲ့ကာ နေအိမ်ပြိုကျမှုကြောင့် လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာနေ ဒေါ်ခင်စန်း(၈၃)နှစ်ပါ မ ၂ ဦးတို့တွင် ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။