နေ့စဉ်နီးပါးဖြစ်ပျက်နေတဲ့ ယာဉ်တိုက်မှုနဲ့ ယာဉ်တိမ်းမှောက်မှုတွေကတော့ ပရိသတ်တွေကို အထိပ်တလန့်ဖြစ်စေမှာအမှန်ပဲဖြစ်ပါတယ်။ မနေ့က ဇူလိုင်လ ၈ရက်နေ့မှာလည်း ဆရာတော်တစ်ပါးမောင်းနှင်လာတဲ့ မော်တော်ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါဖြစ်စဉ်ကတော့ ကရင်ပြည်နယ် ဘားအံ့မြို့နယ်အတွင်းမှာ ဖြစ်ပွားခဲ့တာပါတယ်။   

ဖြစ်စဉ်နဲ့ပတ်သက်ပြီး "ဘားအံမြို့နယ်၊ပေါထော်ကျေးရွာကဆရာတော်တစ်ပါး(လိုင်စင်မရှိ)မောင်းနှင်လာတဲ့ မော်တော်ယာဉ် အမြန်လမ်းမမှာ ဘူးကွဲချောင်းထဲသို့ထိုးကျ ခဲ့တယ်လို့အမြန်လမ်းရဲတပ်ဖွဲ့က ထုတ်ပြန်" ခဲ့တာတွေ့ရပါတယ်။ ဇူလိုင်လ(၈) ရက်နေ့ နေ့လည်(၂ း၄၀) နာရီချိန် မန္တလေး-ရန်ကုန် လမ်း မိုင်တိုင် ၂၀၉/ ဝ- ၂၀၉/၁ကြားမှာ ဦးသာသဏ. သက်တော်(၅၀) ဝါတော်(၃၀) ပေါထော် ကျောင်းထိုင်ဆရာတော် ၃/ဘအန (သ) 000038 ယာဉ်မောင်းလိုင်စင်(မရှိ) ပေါထော်ကျေးရွာ ဘားအံမြို့နယ် နေသူမောင်းနှင်လာသည့် YGN 6K----- Toyota. Hilux Vigo ခဲရောင်(လိုင်စင်ရှိ) ယာဉ်သည် အရှိန် မထိန်းနိုင်ဘဲ ဘူးကွဲချာင်းတံတား ဝဲဘက် လက်ရန်းအား ဝင်တိုက်ခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရ သိရပါတယ်။ 

အဆိုပါ မော်တော်ယာဉ်ကတော့ ဘူးကွဲ ချောင်းထဲသို့ထိုးကျသဖြင့် ယာဉ်ပေါ် ပါ ကျား ၃ ဦး မ ၄ ဦး အနက် မနန်းရီဝင်းခိုင် ၂၃နှစ် ပြင်ပဓာတ်ခွဲလုပ်ငန်း လမ်းမတော်လမ်း ရန်ကုန်မြို့နေသူသည် နဖူးဖူးရောင် ယာဘက်ပေါင်လယ်ကျိုး ဒဏ်ရာရရှိသဖြင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပန်းတင်စခန်းမှ တပ်ဖွဲ့ဝင်များ နှင့်အထောက်အကူပြု အဖွဲ့များ ကူညီဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။ မော်တော်ယာဉ်ပျက်ဆီးမှုများခဲ့ပြီး အသက်သေဆုံးသူမရှိကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားဖြစ်ပွားခဲ့တဲ့ အဆိုပါ ဖြစ်စဉ်ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

photos - kumudra 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။