ကမ္ဘာပေါ်မှာတချို့သော တိရစ္ဆာန်တွေဟာ ပုံမှန်မဟုတ်ပဲ အင်္ဂါအပိုတွေပါပြီး မွေးလာလေ့ရှိပါတယ်။ ဒါဟာ မျိုးရိုးဗဇအားဖြင့် ဖြစ်တောက်ဖြစ်ခဲ အခိုက်အတန်တွေဖြစ်ပါတယ်။ ဒါပေမဲ့လူတွေက အမျိုးမျိုး ထွင်ပြီး ပြောလေ့ရှိပါတယ်...ဒါပေမဲ့လဲ ဒါတွေက ဖြစ်တောက်ဖြစ်ခဲ အဖြစ်အပျက်တွေပါ။ တံငါးသည် Christian Johnston ဆိုတဲ့သူဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ခေါင်းနှစ်ခုပါတဲ့ ငါးမန်းကောင်လေးကို Australia ကမ်းရိုးတန်းတစ်ခုမှာတွေ့ရှိခဲံပါတယ်။အဲ့ငါးမန်းဟာဆိုရင် ကလေးအကောင် ၅၀ကိုသယ်နိုင်ပါတယ်။

Derbyshire မှာမွေးခဲ့တဲံ သိုးလေးတစ်ကောင်ဟာဆိုရင် ခြေချောင်း ၅ချောင်းပါရှိကာ သူဟာကျန်းကျန်းမာမာပါပဲ။ ၂၀၁၆ခုနှစ်မှာ ခေါင်းနှစ်လုံးပါတဲ့ လိပ်လေးမွေးလာတော့ ပိုင်ရှင်ဖြစ်တဲ့ Jeo Armansary ကလန့်သွားခဲ့ပါတယ်။ အဲ့လိပ်နစ်ကောင်က ကျန်းကျန်းမာမာပဲရှိကာ ဘာမှဆိုးဆိုးရွားရွားဖြစ်ပွားခြင်းမရှိပါဘူး။ အဲ့လိပ်ကိုရိုက်တဲ့ ဓာတ်ပုံဆရာ Tanto Yensen က " ဒါဟာ အင်မတန်မှာ ထူးခြားတဲ့ဖြစ်စဉ်တစ်ခုပါပဲ....မြင်ရတဲ့ ကျွန်တော့်အတွက် ဒါဟာအင်မတန် ကံထူးပါတယ် " လို့ပြောကြားခဲ့ပါတယ်။ 

December လမှာ Tom နဲ့ Jerry လို့ခေါ်တဲ့ ခေါင်းနှစ်ခွဖြစ်နေတဲ့ California မြွေဘုရင်ကို Switzerland မှာတွေ့ရှိခဲ့ပါတယ်။ တွေ့ရှိတဲ့အချိန်မှာအဲ့မြွေဟာ အသက်၁၇နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့၁၀နှစ်တုန်းက ကမ္ဘာတစ်ဝန်းမှာ ခေါင်းစဉ်ဖြစ်ခဲ့တဲ့ ကြောင်လေးဟာ မျက်နှစ်ဖက်ပါနေခဲ့ပါတယ်။ အဲ့ကြောင်လေးဟာ အသက်၃ရက်သာအသက်ရှင်ခဲ့ပြီ အသက်ရှုမဝခြင်းကြောင့် သေဆုံးခဲ့ရပါတယ်။ ၂၀၁၅ခုနှစ် Florida လယ်ကွင်းတစ်ကွင်းမှာ မျက်လုံးလေးလုံး၊ နှားခေါင်းနှစ်ခု၊ နှားရွက်နှစ်ခု၊ပါးစပ်နှစ်ခုနဲ့ ခေါင်းနှစ်လုံးပါတဲ့ နွားကိုမွေးခဲ့ပါတယ်။

၂၀၁၀တုန်းက တရုတ်ပြည်မှာ ခေါင်းတစ်လုံးထဲကနေ ခန္ဓာကိုယ်နှစ်ခုကွဲထွက်နေတဲ ဝက်တစ်ကောင်ကိုတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့အဲ့ဝက်ဟာဆိုရင် အချိန်ခနတာအတွင်းမှာ သေဆုံးခဲ့ပါတယ်။ တရုတ်ပြည်မှာပဲ ၂၀၁၁ ခုနှစ်မှာ ခေါင်းနှစ်လုံးပါတဲ့ နွားလေးကိုမွေးခဲ့ပါတယ်။ ဒါပေမဲ့ အဲ့နွားပေါက်လေးဟာဆိုရင် သူကိုယ်တိုင် မထနိုင်ပါဘူး....ပြီးတော့ အစားကျွေးရင် လက်နဲကျွေးရပါတယ် ဘာလို့လဲဆိုတော့ သူ့အမေဆိက နို့ကိုသောက်လို့မရလိုပဲဖြစ်ပါတယ်။ Kenny ဆိုတဲ့ကျားကတော့ ကမ္ဘာရုပ်အဆိုးဆုံး ကြောင်ကြီးပဲဖြစ်ပါတယ်။ သူမှာတော့ Willie လို့ခေါ်တဲ့ အကိုတစ်ယောက်ရှိပါတယ်။

Source : Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။