လူတိုင်းမှာ ကြောက်စိတ်ကိုယ်စီရှိကြပါတယ်.....ရှိနေတဲ့ ကြောက်စိတ်ကိုလဲဖောျက်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ကျွန်တော်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးဟာလဲ အန္တရာယ်တွေနဲ့ အမြဲပြည့်နှက်လေ့ရှိတာမို့ ကြောက်တဲ့စိတ်မရှိဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။ တစ်ခုမဟုတ်တစ်ခုကတော့ အမြဲကြောက်နေရတာပါပဲ။ တချို့ကြောက်တဲ့ အရာတွေက ကိုယ်ရှေ့တင်ဖြစ်ပျက်နေတာမို့ကြောက်တက်ကြပြီး တချို့အရာတွေကတော့ မထင်မှတ်ပဲနဲ့ ထိတ်လန့်သွားတာမျိုးတွေပဲဖြစ်ပါတယ်။

အဲ့လိုကြောက်စိတ်လွန်ကဲတာတွေကတော့ ရိုးရှင်ပေမဲ့ စိတ်ထဲမှာ အလိုလိုနေရင်ကြောက်စိတ်လွန်ကဲနေတာပဲ ဖြစ်ပါတယ်။ Deipnophobia ဆိုတဲ့ အရာဟာဘာကိုဆိုလိုလဲဆိုတော့ ညစာစားပွဲပါတီတွေမှာဖြစ်တတ်တဲ့ ကြောက်စိတ်တစ်မျိုးဖြစ်ပါတယ်။ ဘာကိုကြောက်နေတာလဲဆိုတော့ လူမှုအသိုင်းအဝိုင်း အသစ်နဲ့ဆက်ဆံရမှာကိုကြောက်နေတာပါပဲ။ ကိုယ်ကပါတီမှာပျော်နေပေမဲ့ လူကြားထဲမတိုးသလို ဖြစ်နေတဲ့အခိုက်အတန့်တွေရှိပါတယ်။ အဲ့လိုဖြစ်ချင်းက မထင်မှတ်ထားတဲ့ကြောက်စိတ်လွန်ကဲနေတာပါပဲ။

Venustaphobia ဆိုတဲ့ကြောက်စိတ်ကတော့ လှပတဲ့အမျိုးသမီးတွေမှာ ရှိတတ်တဲ့ ကြောက်စိတ်တစ်ခုပါ။ ဘာကိုကြောက်လဲဆိုတော့ ချိန်တွေတဲ့အခါမှာ သူတို့တွေက အကောင်းမြင်တတ်တဲ့စိတ်နဲ့ ကိုယ့်ကိုကို ယုံကြည်မှုစိတ်ရှိအောင် မနည်းလုပ်ဆောင်နေရကာ ဘာကို ကြောက်နေမှန်းလဲတော့ နားလည်ရခတ်ပါတယ်။ လူတွေရဲ့လုံးဝမထင်မှတ်ထားတဲ့ ကြောက်စိတ်ကတော့ Ergasiophobia လို့ခေါ်တဲ့ အလုပ်ကိုကြောက်စိတ်လွန်တာပါပဲ။ ဟုတ်ပါတယ်.....လူတော်တော်များများက အလုပ်ကို ကြောက်ကြပါတယ်....အလုပ်ကြောင့်ဖိအားတွေများတာတို့ ဘာတို့ဖြစ်လေ့ရှိတက်ကြတာမို့ သင်ရဲ့မသိစိတ်က ကြောက်နေပါလိမ့်မယ်။

Source : 25 List

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။