ကမ္ဘာပေါ်မှာက အချမ်းသားဆုံး စာရေးဆရာတွေဟာဆို ထင်ထားတာထက် ပိုမိုရေးကြပြီး သတ်မှတ်ထားတဲ့ အရည်အသွေး အနှစ်သာရ တွေထက် ပိုမိုသာလွန်စွာ ပေးစွမ်းနိုင်အောင် ရေးကြပါတယ်။ သူတို့ရေးတဲ့ စာအုပ်တွေကို ဖတ်ကြည့်ရင် သိသာပါတယ်....ဖတ်ရင်ဖတ်ရင်နဲပ စာအုပ်ထဲက ဇာတ်ကောင်တွေရဲ့ နေရာကို ကိုယ်တိုင်ဝင်ရောက်ပြီ ထပ်တူထပ်မျှ ခံစားကြရပါတယ်။ အဲ့လိုတွေရေးနိုင်လို့လဲ သူတို့ဟာ စာပေလောကအပြင် တခြားနေရာတွေမှာ နာမည်ကြီးနေကြတာပဲဖြစ်ပါတယ်။အခုဆိုရင်တော့ ကမ္ဘာပေါ်က အချမ်းသားဆုံး စာရေးဆရာ ၅ယောက်ကို ဖော်ပြလိုက်ပါတယ်။  

Stephen King ဆိုတဲ့ စာရေးဆရာကတော့ သဲထိတ်ရင်ဖို့စရာ နဲ့ ထူးခြားအံဖွယ် သိပ္ပံလောကတို့နဲ့ ပတ်သတ်ပြီးရေးသားပါတယ်။ သူရဲ့စာအုပ်တွေဟာဆို သန်း၃၅၀ ထက်ပိုရောင်းရလေ့ရှိပါတယ်။စာပေဆု အခု၅၀ထက် ရထားကာ သူ့စာအုပ်တွေကိုလဲ ရုပ်ရှင်အဖြစ်ပြန်ရိုက်ပြီး ဒေါ်လာသန်း၄၀၀ ချမ်းသာပါတယ်။ Garfield ကိုရေးဆွဲတဲ့ Comic စာရေးဆရာ Jim Davis ကတော့ ဒေါ်လာသန်း၈၀၀ ချမ်းသာပြီး ရုပ်ရှင်နဲ့TV အစိအစဉ်တွေမှာလဲ သူဇာတ်ညွန်းရေးပေးလေ့ရှိပါတယ်။Alex Cross ဇာတ်လမ်းဇာတ်ညွှန်းရေးတဲ့ စာရေးဆရာဖြစ်သူ James Patterson ကတခြား ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေ အချစ်တွေ နဲ့ စိတ်ဝင်စားစရာ ဝတ္ထုတွေကိုလဲ ရေးသားပါတယ်။  

တချို့သော အပိုင်းနဲ့ရေးတဲစာရေးဆရာတွေက သူ့ကိုဝေဖန်ပြောဆိုကြလေ့ရှိကာ သူဟာ ဒေါ်လာသန်း၈၀၀ ချမ်းသာကာ Jim Davis နဲ့အတူတူပါပဲ။ ပရိသတ်တိုင်းကြိုက်တဲ့ Harry Potter ဝတ္ထုကို ရေးတဲ့ စာရေးဆရာမဖြစ်သူ JK Rowling ကတော့ ဒေါ်လာ၁ဘီလီယံ ချမ်းသာပါတယ်။ Harry Potter ဇာတ်ကားရဲ့ ပြန်လည်ရရှိတဲ့ဝင်ငွေကတော့ ဒေါ်လာ၇ဘီလီယံဖြစ်ပါတယ်။ " The Testing of Luther Albright " နဲ့ " Traps " ကိုရေးတဲ့စာရေးဆရာမဖြစ်သူ MacKenzie Bezos ကတော့ အချမ်းသာဆုံး စာရေးဆရာဖြစ်ကာ ဒေါ်လာ၃၀ဘီလီယံ ချမ်းသာပါတယ်။

Source : 25 List

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။