နီလန်းကတော့ myanmar idolဝင်ရောက်ယှဉ်ပြိုင်နေစဉ်အတွင်း သူမရဲ့ချစ်သူက လူ့လောကကြီးကနေ လက်ပြနှုတ်ဆက်သွားပြီး နီလန်းကိုခွဲခွာသွားခဲ့ပါတယ်။နီလန်းရဲ့ ချစ်သူဟာ လူ့လောကကြီးကနေ လက်ပြနှုတ်ဆက်သွားပြီး ကွယ်လွန်သွားပြီဖြစ်ပေမယ့် နီလန်းကတော့ ယနေ့တိုင် သူမရဲ့ ချစ်သူကို မမေ့နိုင်သေးဘဲ ရှိနေပါတယ်။

ယခုမှာတော့ နီလန်းဟာ သူ့ရဲ့နောက်ဆုံးခရီးတောင်တွေ့ခွင့်မရဘဲ လူတိုင်းသူ့လို ဖြစ်ရပ်မျိုးနဲ့ မကြုံရပါစေနဲ့ဆိုတဲ့ နီလန်းရဲ့ သူ့ချစ်သူအတွက်သီဆိုထားတဲ့ သီချင်းလေးကို ချပြလိုက်ပြီး အဆိုပါသီချင်းလေးနာမည်က "ရူးတော့မယ် " ပဲ ဖြစ်ပါတယ်။နီလန်းကတော့" -ပထမဦးဆုံးအနေနဲ့ ဒီသီချင်းလေးကို Nilen နေရာကနေ အငှားခံစားပြီး နားဆင်ပေးပါ။(တစ်ခုခုတော့ ကျန်ခဲ့မှာပါ)ကိုယ့်ချစ်သူ အသက်ရှင်နေတုန်း।ကိုယ့်ဘေးမှာရှိနေတုန်း တန်ဖိုးထားပေးပါ။သစ္စာရှိရှိချစ်ပေးပါ။

-ကိုယ့်မှာရှိတဲ့အချစ်တွေ အကုန်လုံးပေးပြီး အပြည့်အဝချစ်ပေးလိုက်ပါ။ချစ်သူကို ပျော်အောင်ထားပါ။(ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး)သူ့ကို တကယ်ချစ်ရင် သွားခွင့်မပြုပါနဲ့။လက်လွှတ်ဆုံးရှုံးမခံပါနဲ့။သူ့လက်ကိုမြဲအောင်ဆွဲထားပါ။Nilen ကတော့ သူ့လက်ကိုဆွဲထားချင်ခဲ့ပေမယ့် သူ့ဘေးနားမှာမရှိနိုင်ခဲ့လို့ သူ့ရဲ့နောက်ဆုံးခရီးတောင်တွေ့ခွင့်မရခဲ့ဘူး။လူတိုင်းလူတိုင်း Nilen လို ဖြစ်ရပ်မျိုးနဲ့ မကြုံရပါစေနဲ့ လို့ Nilen ဆုတောင်းပေးပါတယ်။ ချစ်တတ်သူတိုင်း ကိုယ်တကယ် ချစ်မြတ်နိုးတဲ့သူတွေနဲ့ ညားနိုင်ကြပါစေ။ " ဆိုပြီးရေးသားထားရာ အဆိုပါဗီဒီယိုလေးကို အောက်မှာကြည့်နိုင်ပါတယ်။

source: နီလန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။