ပရိသတ်ကြီးရဲ့အချစ်တော် မင်းသမီးချောလေး ဝတ်မှုန်ရွှေရည်ဟာ အသားအရည်ကောင်းရုံသာမကပဲ သူမရဲ့ဖက်ရှင်လေးများဟာလည်း လူတိုင်းငေးမောရလောက်အောင်လှရက်နိုင်လွန်းသူပါ။ အမြဲတမ်းဖော်ဖော်ရွေရွေနဲ့ ရိုးသားပွင့်လင်းတဲ့စိတ်ထားလေးကြောင့်လည်း ပရိသတ်တွေက အရိပ်တကြည့်ကြည့်နဲ့ ချစ်မဝဖြစ်နေရတာပါ။ ဒါ့အပြင် ကျရာဇာတ်ရုပ်တိုင်းကိုလည်း ပီပြင်စွာသရုပ်ဆောင်မှုတွေကြောင့်လည်း အနုပညာရှင်တိုင်းက ချီးကျူးနေရတာပါ။  

ရွှေကစ်လေးဟာ လတ်တလောမှာလည်း ဆရာမခင်ခင်ထူးရဲ့ နာမည်ကြီးဝတ္ထုတစ်ပုဒ်ဖြစ်တဲ့ " ဝတ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် " ကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်အတွက် ရေစကြိုမြို့နယ် ဖြုံဘူးရွာကိုရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ သူမဟာ ဒီဇာတ်ကားကြီးမရိုက်ကူးခင် သရုပ်ဆောင်မယ့် ကာရိုက်တာကိုအံဝင်ခွင်ကျဖြစ်ရန် အတွက်ကြိုတင်သွားရောက်နေထိုင်နေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာ ရွှေကစ်ဟာ ကျေးတောသူလေး ခင်နှောင်းအဖြစ်ပါဝင်သရုပ်ဆောင်မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင်များဖြစ်ကြတဲ့ မို့မို့မြင့်အောင်၊ အေးဝတ်ရည်သောင်း၊ ဒေါင်းနဲ့ ထူးအောင် တို့လည်း ပါဝင်ကြမှာပဲ ဖြစ်ပါတယ်။ 

အခုတစ်ခေါက်မှာလည်း ရွှေကစ်လေးက သနပ်ခါးပါးကွက်ကျားလေးလိမ်းပြီး ခါးမောက်လေးဆောင်းကာ ရွာထဲကိုသွားရောက်လည်ပတ်နေတာပါ။ သူမရဲ့ လှုပ်ရှားမှုတေကိုလည်း ရွှေကစ်ရဲ့ပရိသတ်တွေက အချိန်နဲ့တစ်ပြေးညီ ဝေမျှပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ရွှေကစ်ရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Photo - ဘဝအားမာန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။