အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက လူမျိုးရေးခွဲခြားတဲ့ မှတ်ချက်တွေကို ရေးသားခဲ့တယ်လို့သိရပါတယ်။

ထရမ့်ရေးသားခဲ့တာကတော့ မင်းတို့လာခဲ့တဲ့ ရာဇဝတ်မှုတွေထူပြောပြီး ပျက်ဆီးနေတဲ့နေရာတွေကို ပြန်သွားကြ လို့ ရေးသားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

ထရမ့်ကတော့ ဒီလူမျိုးရေးခွဲခြားတဲ့မှတ်ချက်တွေကို အမေရိကန်အောက်လွှတ်တော်က အမျိုးသမီးအမတ် ၄ ယောက်ကို ရည်ညွှန်းပြီး ရေးသားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ထရမ့် ရည်ညွှန်းခဲ့တဲ့အမျိုးသမီး အမတ် ၄ ယောက်ကတော့ အဲလက်ဇန်းဒရီးယား အိုကာဆိယို ကော်တက်ဇ် ၊ ရာရှီဒါ တာလစ် ၊ အီလ်ဟန်အိုမာနဲ့ အယယာနာ ပရက်စ်လီ တို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ကြောင့် အမေရိကန်အောက်လွှတ်တော်ဟာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဒီရေးသားချက်တွေကို ပြစ်တင်ရှုတ်ချဖို့ မဲခွဲဆုံးဖြတ်ခဲ့ကြတယ်လို့သိရပါတယ။်

ဒီမဲခွဲဆုံးဖြတ်မှုမှာတော့ ထရမ့်ကိုထောက်ခံတဲ့သူသိပ်မရှိဘဲ ပြစ်တင်ရှုတ်ချဖို့ကို ထောက်ခံတဲ့သူတွေသာ အများအပြားရှိခဲ့တယ်လို့သိရပါတယ်။

Source- Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။