အိန္ဒိယနိုင်ငံအတွင်းမှာတော့ ရေကြီးမှုတွေကြောင့် ရက်ပိုင်းအတွင်း နေရပ်ကိုစွန့်ခွာထွက်ပြေးနေရသူတွေ များစွာရှိနေပြီလို့ သိရပါတယ်။

နိုင်ငံအတွင်းက နေရာတော်တော်များများမှာဆိုရင်လည်း ရေကြီးမှု ဒဏ်ကိုခံစားနေရသလို အဆိုးဆုံးခံစားရတာကတော့ အာသံပြည်နယ်နဲ့ ဘီဟာပြည်နယ်က ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိဆိုရင်လည်း ရေကြီးမှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ဦးရေဟာ ၄ သန်းကျော်လောက်ရှိနေပြီလို့ သိရပါတယ်။

ဒါ့အပြင် သေဆုံးသူတွေလည်း များစွာရှိနေသလို အရေအတွက်က တဖြေးဖြေးတိုးလာနိုင်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

တာဝန်ရှိသူတွေအနေနဲ့လည်း လက်ရှိအချိန်မှာ ရေးဘေးဒဏ်ခံရတဲ့ပြည်သူတွေကို ကူညီကယ်ဆယ်မှုတွေ များစွာပြုလုပ်ပေးနေပေမယ့် အခက်အခဲတွေများစွာ ရှိနေသေးတယ်လို့ သိရပါတယ်။

Source – Nytimes  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။