အမျိုးသမီးတွေဟာ ယနေ့ခေတ်မှာဆိုရင်တော့ အေးအေးလူလူ ပုံစံနဲ့နေထိုင်နိုင်ကြပြီပဲဖြစ်ပါတယ်။ ကိုယ်ကိုတိုင် ဝါသနာပါရာကိစ္စနဲ့ ကြိုက်နှစ်သက်ရာတွေကို လုပ်ဆောင်နိုင်တဲ့ ခေတ်ကြီးပဲဖြစ်ပါတယ်။ ဒါပေမဲ့လဲ ခုလိုမျိုးတွေနေထိုင်နိုင်ဖို့အတွက် အရင်ခေတ်တွေမှာတုန်းက အမျိုးသမီးတွေဘယ်လို ရင်ဆိုင်ခဲ့ရပြီး လူတွေရဲ့ ဆဲပေါက်လွတ်အောင် ဘယ်လိုမျိုးဖြတ်သန်းလာခဲ့ရလဲဆိုတာကိုတော့ ယနေ့ခေတ်မှာ အသိနည်းကြမှာပါ။ 

ခုဖော်ပြသွားမဲပုံတွေကတော့ အရင်ခေတ်တုန်းက အမျိုးသမီးတွေ ဘာကြောင့်များ အဆဲခံရလဲဆိုတာကိုလဲ ဖော်ပြထားသွားမှာပါ။ လွန်ခဲ့တဲ ခုနှစ်တုန်းကဆိုရင် အမျိုးသမီးတွေကို Marathon ပြေးပွဲမှာ ပါဝင်ခွင့်မပေးပါဘူး။ ဒါပေမဲ့ ၁၉၆၇ ခုနှစ်မှာ Kathrine Switzer ဆိုတဲ့အမျိုးသမီးက ပထမဆုံး Marathon မှာပြေးတဲ့ အမျိုးသမီးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။ ပုံထဲမှာတော့ လူတွေ အုံးကြွနေတဲ့ပုံတွေပဲဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ်တုန်းကလဲ အတိုတွေပေးဝတ်ခွင့်မပေးပါဘူး...အာ့ကြောင့် Model တစ်ယောက်ဖြစ်တဲ့ Jean Shrimpton ဟာ လူတွေရဲ့အဆဲခံရမှုကိုတော်တော်ခံခဲ့ရပါတယ်။ ယနေ့ခေတ်မှာအတိုတွေ စိတ်ကြိုက်ဝတ်နေကြပေမဲ့လဲ့ ၁၉၆၅ခုနှစ်တွေမှာတော့ လူအများရဲ့ ပြောဆိုမှုနဲ့ မလွတ်ခဲ့တဲ့ အဝတ်အစားပဲဖြစ်ပါတယ်။ 

၁၉၀၇ ခုနှစ်မှာဆိုရင် Maud Wagner ဆိုတဲ့ တက်တူးပညာရှင်ဟာ ပုံပါအမျိုးသမီးကို တက်တူးအပြည့်ထိုးပေးခဲ့ပြီး သူမဟာရစရာမရှိအောင် ပြစ်တင်ပြောဆိုခံခဲ့ရပါတယ်။ ၁၉၃၇ခုနှစ်မှာ ပုံပါအမျိုးသမီးနှစ်ယောက်ဟာ ပထမဆုံး ဘောင်ဘီတိုနဲ့ထွက်ခဲ့ဖူးကြတဲ့ မိန်းကလေးနှစ်ယောက်ပဲဖြစ်ကာ လူတွေအာရုံစိုက်မှုကိုတော်တော်ခံခဲ့ရပါတယ်။ ၁၉၀၆ ခုနှစ်မှာလဲ အမျိုးသမီးတွေဟာ သူတို့ရဲ့အခွင့်အရေးကိုရရှိဖို့အတွက် ဆန္ဒတွေပြခဲ့ဖူးကြပါတယ်။ Yves Saint Laurent ဆိုတဲ့ Company တစခုဟာ ပထမဆုံး ယောကျ်ားဝတ်စုံပုံစံ မိန်းမတွေဝတ်ဖို့အတွက် ၁၉၆၆ခုနှစ်မှာထုတ်ခဲ့ကာ လူတွေအုံးကြွခဲ့ပါတယ်။  

၁၉၀၇ခုနှစ်မှာ Annette Kellermann ဆိုတဲ့အမျိုးသမီးဟာ အသားကပ် ရေကူးဝတ်စုံကိုဝတ်ဆင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။ နောက်တစ်ပုံကတော့ အမျိုးသမီးတွေအတွက် ရေကူးဝတ်စုံပဲဖြစ်ပါတယ်။ လုံလုံခြုံခြုံရှိတဲ့ ရေကူးဝတ်စုံပဲဖြစ်ကာ ယနေ့ခေတ်နဲ့ တခြားစီပါပဲ။ 1922 ခုနှစ်မှာလဲ ၁၉၀၇ကလို ရေကူးဝတ်စုံကိုဝတ်ဆင်ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။ Billie Jean King ဆိုတဲ့သူကတော့ ယောကျ်ားတွေနဲ့တန်တူး ရင်မောင်တန်းနိုင်ခဲ့တဲ့ Tennis ကစားမယ်တစ်ဦးဖြစ်ပါတယ်။ Formula One ကိုပထမဦးဆောင် ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အမျိုးသမီးကတော့ Maria Teresa de Filippis ပဲဖြစ်ပါတယ်။ ပုံမှာဆန္ဒပြနေကြတာကတော့ Skirt အရှည်ကို ဝတ်ဆင်ရတာ ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်။ သူတိုလဲ အတိုတွေ ဝတ်ချင်ခဲ့ကြတာပေါ့.....။ Mary Quant ဆိုတဲ့အမျိုးသမီးကတော့ ပထမဆုံး Mini Skirt ကို ထုတ်တဲ့ ဒီဇိုင်နာတစ်ယောက်ဖြစ်ပါတယ်။ 

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။