ကမ္ဘာပေါ်မှာ ပျောက်ဆုံးနေတဲ့ မြို့တော် တော်တော်များများ ရှိပါတယ်။ ပျောက်ဆုံးနေတဲ့ မြို့တော် နာမည်တချို့ကတော့ Atlantis , El Dorado , Lost City of Z , The Seven Cities of Gold စသဖြင့်ပေါ့။ ထိုမြို့တွေက ဘယ်ကနေဘယ်လိုမျိုး ပျောက်သွားလဲမသိဘူးနော်..။ဒါပေမဲ့ Atlantis မြို့တော်ကတော့ လူတွေရဲ့ပါးစပ်ဖျားမှာ စွဲနေပါတယ်။ DC Hero ဖြစ်တဲ့ Aquaman ဟာဆိုရင်လဲ Atlantis မြို့တော်ကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။

ယင်းမြို့ကိုတော့ Greek အတွေးအခေါ်ပညာရှင် Platonism က သူရဲ့စာအုပ်မှာဖော်ပြခဲ့တာ့ဖြစ်ပြီ လူတွေကလဲ အဲ့မြို့တော်ကို Platonism ဖော်ပြခဲ့တဲ့နေရာအတိုင်း လိုက်လံရှာတွေခဲ့ပေမဲ့ ခုထက်ထိမတွေ့ရှိသေးကြပါဘူး။ဒါပေမဲ့သိပ်မကြာသေးခင်က You Tube Channel ကတော့ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ပြောတယ်ခဗျ။တွေ့ရှိတဲ့နေရာကတော့ လူတွေအတော်အများသိကြတဲ့ Africa က Sahara သဲကန္တရမှာပဲဖြစ်ပါတယ်။ 

သူတို့ပြောကြတာတော့ Atlantis မြို့တော်ဟာ “Eye Of The Sahara” မှာနစ်မြုပ်ပျောက်ကွယ် သွားပြီဆိုပြီ ဖော်ပြခဲ့ပါတယ်။ဘာလို့ Sahara သဲကန္တရမှာဆိုတော့ Platonism ပြောခဲ့တဲ့အချက်တွေနဲ့များစွာတူနေလို့ပါခဗျ။Atlantis မြို့တော်ဟာ တည်ရှိခဲ့တာကြာနေပြီဖြစ်ပေမဲ့ ပျက်စီးပျောက်ကွယ်သွားပြီလို့ပြောနေကြပြီ ရှာဖွေလျက်သူတွေကတော့ရှာဖွေနေဆဲပါပဲ။   

Source : Mirror 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။