မြန်မာ့ လက်ရွေးစင်အသင်း ပါဝင်ယှဉ်ပြိုင်မည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုန် (ဒုတိယအဆင့်)နှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲ( ဒုတိယအဆင့်) ပွဲစဉ်များ အုပ်စု မဲခွဲပွဲကို ဇူလိုင် ၁၇ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ပါတယ်။မဲခွဲရွေးချယ်မှုအရ မြန်မာ့ လက်ရွေးစင်အသင်းသည် အုပ်စု(စ)ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယား အသင်းများနှင့်အတူကျရောက်ခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲစဉ်များနှင့် ၂၀၂၃ အာရှဖလား ခြေစစ်ပွဲစဉ် အဖြစ်ယှဉ်ပြိုင်ကစားရ မည်ဖြစ်ပါတယ်။

အဆိုပါ ခြေစစ် ပွဲစဉ်များတွင် ဖီဖာအဆင့် သတ်မှတ်ချက်များအရ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရ ၃၄ သင်း၊ ပထမအဆင့် ခြေစစ်ပွဲ ယှဉ်ပြိုင်ပြီးမှ တက်ရောက်လာသည့် အသင်း(၆) သင်း စုစုပေါင်းအသင်း ၄၀ ယှဉ်ပြိုင်ကစားမည်ဖြစ်ပါတယ်။

ဒုတိယ အဆင့်ပွဲစဉ်များကို အသင်း(၅) သင်းပါဝင်သည့် အုပ်စု (၈) အုပ်စု ယှဉ်ပြိုင်ကစား စေမည်ဖြစ်ပြီး ထိပ်ဆုံး (၈) သင်းနှင့် အကောင်းဆုံး ဒုတိယ (၄)သင်းမှာ ကမ္ဘာ့ဖလား တတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခွင့် ရမည်ဖြစ်ပြီး အာရှဖလား ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ပါတယ်။

ကျန် ဒုတိယနေရာရ (၄) သင်း၊ တတိယနေရာရ(၈) သင်းနှင့် အကောင်းဆုံး စတုတ္ထနေရာရ (၄)သင်းမှာ၂၀၂၃ အာရှဖလား တတိယ အဆင့် ခြေစစ်ပွဲစဉ်သို့ တက်ရောက်ခွင့် ရမည်ဖြစ်ပါတယ်။ ကျန် စတုတ္ထနေရာရ (၄)သင်းနှင့် အုပ်စုအောက်ဆုံး (၈)သင်းမှာ ၂၀၂၃ အာရှဖလား Play – off ခြေစစ်ပွဲ ထပ်မံကစားရမည်ဖြစ်ပါတယ်။

source:MFF 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။