အဆိုတော်X Box ဟာ ဆွဲဆောင်မှုရှိတဲ့အသံလေးနဲ့ ပရိသတ်တွေကြားမှာရေပန်းစားနေတဲ့ ကောင်လေးတစ်ယောက်ပါ။ သူ့ရဲ့သီချင်းတိုင်းလိုလိုဟာ ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့တိုက်ဆိုင်ပြီး လူကြိုက်များတာလည်း ဖြစ်ပါတယ်။ အထာကျကျဖက်ရှင်လေးနဲ့ အသံချိုချိုလေးကြောင့်လည်း နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေရတာပါ။

သူကတော့လက်ရှိမှာသီချင်းသစ်လေးတွေထွက်ဖို့ကြိုးစားနေတာဖြစ်ပြီးပရိသတ်တွေလည်းစောင့်မျှော်အားပေးနေကြတာပါ။ Showပွဲတွေမှာလည်းပရိသတ်နဲ့အပေးယူမျှတစွာသီဆိုနိင်တဲ့ အဆိုတော်တစ်ယောက်ပါ။ သူသီဆိုခဲ့တဲ့ အသည်းကွဲသီချင်းတွေဟာလည်း ပရိသတ်တွေရဲ့ ခံစားချက်တွေနဲ့ ထပ်တူကျခဲ့တာလည်း ဖြစ်ပါတယ်။ 

သီချင်းကောင်းလေးတွေကို ကိုယ်တိုင်ဖန်တီးရေးသားသီဆိုတတ်တဲ့X box ကတော့ အခုတစ်ခေါက်မှာလည်း သူ့ရဲ့လတ်တလောမှာနာမည်ကြီးနေတဲ့သီချင်းလေးရဲ့ Music Video Teaser လေးကိုပရိသတ်တွေထံဝေမျှလိုက်ပြန်ပါပြီ။ ဒီသီချင်းလေးဟာလူတိုင်းပါးစပ်ဖျားမှာရေပန်းစားနေပြီးအရင်ကလည်း Version ၂မျိူးနဲ့ထွက်ရှိထားပါသေးတယ်။ ပရိသတ်တွေလည်းကြည့်ရှုနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်နော်။

Source- X Box

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။