လက်ရှိအချိန်မှာတော့ ဂျာမန်ကာကွယ်ရေးဝန်ကြီး အာဆူလာ ဖွန်ဒါလိုင်ယန်ဟာ အီးယူကော်မရှင်ရဲ့ ဥက္ကဌ ဖြစ်လာခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။

သူမကိုတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထောက်ခံပေးထားတာဖြစ်ပြီး ယခုရာထူးအတွက် ဥရောပ ကော်မရှင် ထဲမှာ မဲပေးရွေးချယ်ခဲ့ကြတာပဲဖြစ်ပါတယ်။

မဲစနစ်ကိုတော့ လျှို့ဝှက်မဲပေးစနစ်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး သူမဟာ အမတ် ၇၄၇ ယောက်ထဲက ထောက်ခံမဲ အရေအတွက် ၃၈၃ မဲရရှိခဲ့တာကြောင့် အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သူမဟာ အီးယူကော်မရှင်ကို ဦးဆောင်မယ့် ပထမဆုံး အမျိုးသမီးတစ်ဦးဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဂျာမနီနိုင်ငံအတွင်းမှာလည်း ပထမဆံး ကာကွယ်ရေးဝန်ကြီးဖြစ်လာတဲ့ အမျိုးသမီးအနေနဲ့ မှတ်တမ်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူမဟာ လာမယ့် နိုင်ဝင်ဘာလ ၁ ရက်နေ့ကစတင်ပြီး ၎င်းရာထူးကို တာဝန်ယူထမ်းဆောင်သွားတော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Source –France 24

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။