Instagram နဲ့ Facebook ကွာခြားရတဲ့အကြောင်းတစ်ခုကတော့ Instagram မှာ လှပကျော့ရှင်းတဲ့ မိန်းကလေးတော်တော်များများရှိတာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါခုချိန်မှာတော့ ပုရိသတွေအပြည့်အဝထောက်ခံမှုရရှိထားတဲ့ မော်ဒလ်များကိုဖော်ပြသွားမှာဖြစ်ပါတယ်။ လူပေါင်း 97 million လောက်ကထောက်ခံမှုရှိတဲ့သူကတော့ Kendall Jenner ပဲဖြစ်ပါတယ်။ တော်တော်ကိုလှပတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာကို ပရိသတ်ကြီးကို ပြောပြစရာမလိုအောင်လောက်ပါပဲ။  

နောက်တစ်ယောက်ကတော့ Bella Hadid ပဲဖြစ်ပါတယ်။ အစ်မဖြစ်သူ Gigi Hadid ပဲဖြစ်ကာ Bella ကတော့ Instagram မှာအရမ်းကိုနာမည်ကျော်တဲ့ မော်ဒလ်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့ညို့ဓာတ်ပြင်းတဲ့ ဓာတ်ပုံတွေကြောင့်လဲ နာမည်ကြီးတာပါပါတယ်။ သူရဲ့အစ်မဖြစ်သူ Gigi Hadid ဟာဆိုရင်လဲ အောင်မြင်ပြီး ကျော်ကြားတဲ့ မော်ဒလ်တစ်ယောက်ဖြစ်ကာ Instagram မှာလဲ အောင်မြင်သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့အလှကိုလဲ ပရိသတ်ကြီးကို အထူးပြောစရာမလိုအောင် လှပသူတစ်ယောက်ဖြစ်ပါတယ်။နောက်တစ်ယောက်ကတော့ Justin Bieber ရဲ့မိန်းမဖြစ်သူ ဇနီးချောလေး Hailey Baldwin လေးပဲဖြစ်ပါတယ်။  

အသက် ၂၁နှစ်တင် Teen Vogue နဲ့ Vogue magazine တို့ရဲ့ Model တစ်ယောက်ဖြစ်ပါတယ်။ သူမဘယ်လောက်လှလဲဆိုတာကိုရော ပရိသတ်တွေ မြင်မိရက်လား။ Instagram မှာ လုံးလုံးအောင်မြင်သူတစ်ယောက်ဖြစ်ကာ သူမဟာလဲ လှပါတယ်။ Miranda Kerr ဆိုတဲ့ မိန်းမလှလေးကတော့ ၂၀၀၇ခုနှစ်မှာ Australia ရဲ့ First secret model တစ်ယောက်ဖြစ်လာတဲ့သူပါ။ သူမရဲ့ အလှကြောင့် Instagram မှာအောင်မြင်မှု တော်တော်ရရှိထားသူပါပဲ။ Adriana Lima, Emily Ratajkowski, Sommer Ray, Chrissy Teigen နဲ့ Candice Swanepoel တို့ဟာလဲ Instagram က အေချာအလှတွေဖြစ်ပါတယ်။ 

Source : Bloggers Arena 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။