ဒီအမျိုးသားကတော့ ဖီလစ်ပိုင် နိုင်ငံမှာနေထိုင်တဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။

သူ့ရဲ့နာမည်ကတော့ Romulo Pilapil ဖြစ်ပြီး သူဟာ လက်သမားအလုပ်ကို လုပ်ကိုင်တဲ့ အမျိုးသားတစ်ဦးပဲဖြစ်ပါတယ်။

သူဟာ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အပြင်းဖျားရာကနေ မျက်လုံးတွေ နဲ့ မျက်နှာတပြင်လုံး ယားယံတာတွေ ၊ နှာခေါင်းပိတ်တဲ့ ဝေဒနာတွေကို စတင်ခံစားခဲ့ရပြီး တဖြေးဖြေးသာမန်အရွယ်အစာထက် ကြီးလာတဲ့ ဝေဒနာတွေကို စတင်ခံစားခဲ့ရတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် သူဟာ ဆရာဝန်တွေထံသွားရောက်ပြသေခဲ့ပေမယ့်လည်း အခြေအနေမထူးခဲ့ဘဲ ယခုပရိသတ်တွေမြင်တွေ့နေရတဲ့ ပုံထဲကအတိုင်း သူ့ရဲ့မျက်နှာအစိတ်အပိုင်းတွေဟာ ဖောင်ကားရောင်းရမ်းနေသလို ဖြစ်လာခဲ့တာပါ။

သူ့ရဲ့မျက်လုံးဟာဆိုရင်လည်း လုံးဝကိုပိတ်နေသလို ဖြစ်နေပြီး နှုတ်ခမ်းတွေ ပါးတွေဟာ အခြားသူတွေအတွက် ကြောက်စရာကောင်းလောက်တဲ့ အနေအထားမျိုးတွေဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့် ၎င်းအမျိုးသားဟာ လူနေမှုဘဝမှာ ပင်ပန်းဆင်းရဲတာတွေ များစွာရှိပေမယ့်လည်း ဘာမှမတတ်နိုင်တာကြောင့် လက်ရှိအခြေအနေကိုပဲ ကြံ့ကြံခံရင်းနေထိုင်နေရတာ ပဲဖြစ်ပါတယ်။

ဆန်းကြယ်လှတဲ့ ရောဂါပိုးတမျိုးကြောင့် ဘဝကသေမလိုဖြစ်နေပေမယ့်လည်း စိတ်ဓာတ်ကမသေဘဲ ဘယ်လောက်ကြံခိုင်သလဲဆိုတာ သက်သေပြနေတဲ့ ၎င်းအမျိုးသားရဲ့ ဗီဒိယိုလေးကိုလည်း ပရိသတ်တွေအတွက် ထည့်သွင်းဖော်ပြပေးလိုက်ရပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။