တခါတရံမှာ ကိုယ်ဟာ ကိုယ်နေတဲ့နေရာမှာ အင်အားအကြီးဆုံးလို့ထင်မှတ်ထားပေမယ့် ကိုယ့်ထက်အင်အားကြီးမားတဲ့သူနဲ့ တွေ့တဲ့အခါမှာ လက်မြှောက်အရုံးပေးသွားရတဲ့ အခိုက်အတန့်မျိုးလေးတွေ ဖြစ်ပေါ်တတ်ပါတယ်။

ကိုယ်ပိုင်တဲ့နေရာမှာတော့ ကိုယ့်ဟာ ဘုရင်ဆိုပေမယ့် ကိုယ့်ပိုင်နက်မဟုတ်တဲ့နေရာမှာ အင်အားကြီးတဲ့အခြားသူတွေနဲ့တွေ့တဲ့အခါမှာ ဇာတ်သိမ်းမလှတဲ့ ဖြစ်ရပ်မျိုးလေးတွေကလည်း ခနခနဆိုသလို ကြားသိနေရတဲ့ ဖြစ်ရပ်လေးတွေပဲဖြစ်ပါတယ်။

အခုဖော်ပြပေးချင်တဲ့ ဖြစ်ရပ်လေးဟာဆိုရင်လည်း အဆိပ်ပြင်းလှတဲ့မြွေတစ်ကောင်ဟာ မြေပြင်ပေါ်မှာတော့ ကြောက်စရာတိရစ္ဆာန်မျိုးနွယ်ဖြစ်ပေမယ့် သူ့ထက်သာလွန်တဲ့ ဝေဟင်ပေါ်က သိမ်းငှက်တစ်ကောင်ရဲ့ တွေ့တဲ့အခါမှာ မရှုမလှဇာတ်သိမ်းသွားခဲ့တဲ့ရတဲ့ ဖြစ်ရပ်လေးကိုပဲဖြစ်ပါတယ်။

မြွေဟာ အကာအကွယ်မဲ့နေတဲ့ လမ်းမကြီးပေါ်မှာ သိမ်းငှက်တဲ့တွေ့တဲ့အခါမှာ သူ့မှာစွမ်းအားရှိသလောက်တော့ တန်ပြန်တိုက်ခိုက်ခဲ့ပေမယ့် အင်အားကြီးတဲ့အပြင် အနေအထားပါအသားစီးရထားတဲ့ သိမ်းငှက်ကိုတော့ ထိရောက်တဲ့တိုက်ခိုက်မှုတွေ မလုပ်နိုင်ဘဲ အသက်ပါပေးဆပ်လိုက်ရပါတယ်။

မသေမရှင်ဖြစ်နေတဲ့ မြွေဟာ သူ့ရဲ့အသားတွေ ထိုးဆိတ်စားသောက်ခံနေရတာကြောင့် တွန့်တွန့်လူးနေပေမယ့်လည်း အင်အားကြီးတဲ့ သိမ်းငှက်ကတော့ သူ့ရဲ့ဆာလောင်မှုကို ဖြေဖျောက်ဖို့အတွက် စားသုံးနေမှုကို ရပ်တန့်ခဲ့ခြင်းမရှိပါဘူး။

ပရိသတ်တွေလည်း ဒီဖြစ်ရပ်လေးကို ကြားသိပြီး ကိုယ်ဟာဘယ်လောက်ပဲ အင်အားကြီးနေပါစေ ကိုယ့်ပိုင်နက်မဟုတ်တဲ့နေရာမှာ ကိုယ့်ထက်အင်အားကြီးသူနဲ့ တွေ့တဲ့အခါမှာ မရှုမလှဇာတ်သိမ်းတတ်ပုံလေးကို သင်ခန်းစာယူနိုင်ကြပါစေနော်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။