ကမ္ဘာ့နိုင်ငံတော်တော်များများမှာတော့ ထူးထူးဆန်းဆန်းပုံစံနဲ့ မွေးဖွားလာသူတွေများစွာရှိကြသလို အိန္ဒိယနိုင်ငံအတွင်းမှာဆိုရင်လည်း မကြာခနဆိုသလို ထူးထူးဆန်းဆန်းနဲ့ မွေးဖွားလာတဲ့ ကလေးငယ်လေးတွေပေါ်ထွက်လာတတ်တာကိုတွေ့ရပါတယ်။

ယခုတစ်ခေါက်မှာဆိုရင်လည်း အိန္ဒိယနိုင်ငံအတွင်းမှာ သဘာဝကိုလွန်ဆန်ပြီး ဦးခေါင်းသုံးလုံးပါတဲ့ ကလေးငယ်လေးတစ်ဦး မွေးဖွားခဲ့တယ်လို့ သိရပါတယ်။

ဒီကလေးငယ်လေးကို မွေးဖွားခဲ့တာကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့ကဖြစ်ပြီး ထူးကဲနေတဲ့ သူ့ရဲ့ဖြစ်တည်မှုကြောင့် ဆရာဝန်တွေဟာ အနီးကပ်စောင့်ရှောက်မှုတွေ ပြုလုပ်ပေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဆရာဝန်တွေဟာ ဒီကလေးငယ်လေးမှာ အပိုပါလာတဲ့ ဦးနှောက်နှစ်ခုကို ဖယ်ရှားပစ်ဖို့လည်း ကြိုးပမ်းနေပေမယ့် သေချာတဲ့ဆုံးဖြတ်ချက်ကိုတော့ ချမှတ်ပေးထားခြင်း မရှိသေးပါဘူး။

မိဘတွေအနေနဲ့လည်း ကလေးငယ်လေးမှာ အပိုပါနေတဲ့ ခေါင်းနှစ်လုံးကို ဖယ်ရှားပေးဖို့အတွက် ဆန္ဒရှိနေသလို ဖယ်ရှားလိုက်ရင် ကလေးလေး အသက်ဆက်ရှင်နိုင်မရှင်နိုင်က မရေရာတဲ့ အခြေအနေမှာရှိနေတာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ဒီကလေးလေးရဲ့ အနာဂတ်အသက်ရှင်ရပ်တည်မှုဟာ မရေရာတဲ့ အခြေအနေမှာရှိနေတာကြောင့် ပရိသတ်ကြီးလည်း ဒီကလေးငယ်လေး သာမန်လူတစ်ယောက်လို အသက်ဆက်ရှင်သန်နိုင်ဖို့အတွက် ဆုတောင်းပေးခဲ့ကြဦးနော်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။