မနေ့က ဇူလိုင်လ ၂၁ ရက်နေ့က ပေါ်တူဂီနိုင်ငံအတွင်းမှာ တောမီးအကြီးအကျယ်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

၎င်းတောမီးကတော့ ဇူလိုင်လ ၂၀ ရက်နေ့ထဲက စတင်လောင်ကျွမ်းခဲ့တဲ့ တောမီးဖြစ်တယ်လို့ သိရပါတယ်။

မနေ့ကအထိဆိုရင်လည်း ၎င်းတောမီးလောင်မှုကြောင့် အနီးအနားမှာရှိတဲ့ ဒေသခံတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေရတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းတောမီးကြောင့် ဒဏ်ရာရရှိသူဦးရေဟာဆိုရင်လည်း အယောက် ၂၀ ယောက်ရှိနေပြီလို့သိရပါတယ်။

၎င်းတောမီးငြှိမ်းသတ်တဲ့နေရာမှာလည်း မီးသတ်သမားအယောက် ၈၀၀ ကျော်လောက်အသုံးပြုထားပြီး အပြင်းအထန်ညှိမ်းသတ်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပြင်ကရော ဝေဟင်ကပါ ၎င်းတောမီးကို ငြှိမ်းသတ်မှုတွေပြုလုပ်နေပေမယ့် လေပြင်းတွေနဲ့ နေ့အပူချိန်မြင့်မားမှုတွေကြောင့် ငြှိမ်းသတ်ရာမှာ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

Source – CGTN 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။