လက်ရှိတရုတ်နိုင်ငံအတွင်းမှာဆိုရင်တော့ အသက်ရှင်နေတဲ့ သတ္တဝါတွေကို လူမှုကွန်ယက်ပေါ်မှာ Live လွှင့်ကာ အရှင်လတ်လတ်စားပြကြတဲ့ vlogger တွေ အရင်ကထက်ပိုမိုများပြားလာတာတွေ့ရပါတယ်။

သူတို့ရဲ့ သတ္တဝါတွေကို အရှင်လတ်လတ်စားပြမှုကြောင့် သူတို့ရဲ့ live တွေမှာ ကြည့်ရှုသူဦးရေဟာ အများအပြားရှိကြပေမယ့် တခါတရံမှာတော့ သူတို့ထံတန်ပြန်လာတဲ့ အန္တရယ်တွေကို ပြန်လည်ခံစားရတတ်ပါတယ်။

ယခုတစ်ခေါက်မှာဆိုရင်လည်း အသက် ၃၅ နှစ်အရွယ်ရှိတဲ့ တရုတ်နိုင်ငံက vlogger အမျိုးသားတဦးဟာ လူမှုကွန်ယက်ပေါ်မှာ live လွှင့်ပြီး ကင်းခြေများအရှင်တွေနဲ့ တောက်တဲ့ အရှင်တွေကိုစားပြရာကနေ အဆိပ်မိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သူဟာ Live လွှင့်ထားတဲ့အချိန်အတွင်းမှာလည်း မူးရစ်စေတဲ့အရည်တွေ များစွာကိုလည်း သောက်သုံးခဲ့သလို အဲ့ဒီနောက်အဆိပ်ရှိတဲ့ ကင်းခြေများတွေ ၊ တောက်တဲ့တွေကို စားသုံးပြရာကနေ အဆိပ်မိပြီး သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့သေဆုံးမှုကိုတော့ တရုတ်နိုင်ငံက လူမှုကွန်ယက်သုံးစွဲသူ တော်တော်များများဟာ မလုပ်သင့်တာကိုလုပ်တဲ့အတွက် သေဆုံးရတာဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြသလို တချို့သူတွေကလည်း အခြားသောသက်ရှိတွေရဲ့ အသက်ကိုမငဲ့ဘဲ အရှင်လတ်လတ်စားသောက်တာကြောင့် ဝဋ်ပြန်လည်တာဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ကြတာတွေ့ရပါတယ်။

ပရိသတ်တွေရော သူ့ရဲ့သေဆုံးမှုကို ဘယ်လိုထင်မြင်ကြသလဲ ။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။