လတ်တလောလူမှုကွန်ယက်ပေါ်မှာဆိုရင်တော့ ကြည့်ရှုသူတွေကို မျက်ရည်လည်စေခဲ့တဲ့ ဗီဒီယိုလေးတစ်ခုပျံ့နှံ့နေတာတွေ့ရပါတယ်။

ဒီဗီဒီယိုလေးကတော့ အိမ်ထဲမှာအိပ်နေတဲ့ သခင်ကလေးငယ်လေးရဲ့အသက်ကိုကာကွယ်ဖို့အတွက် အဆိပ်ပြင်းတဲ့ မြွေဟောက်ကြီးကို အတူတိုက်ခိုက်ခဲ့ကြတဲ့ ခွေးလေးနှစ်ကောင်ရဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

Daily Mail သတင်းဌာနရဲ့ဖော်ပြချက်အရတော့ ဒီဖြစ်ရပ်ဟာ ဖိလစ်ပိုင်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး အိမ်ထဲမှာအိပ်ပျော်နေတဲ့ကလေးငယ်လေးဟာ အသက် ၁ နှစ်အရွယ် Skye ဖြစ်တယ်လို့သိရပါတယ်။

ဗီဒီယိုလေးထဲမှာဆိုရင်လည်း Miley Moxie လို့ခေါ်တဲ့ ခွေးလေးနှစ်ကောင် အိမ်ထဲမှာအိပ်နေတဲ့ ကလေးငယ်လေးအနားကို မြွေဟောက်ကြီးမရောက်နိုင်စေဖို့အတွက် သူတို့ရဲ့အသက်ကိုတော့ ပဓာနမထားဘဲ အတူတကွတိုက်ခိုက်ခဲ့ကြတာတွေ့ရပါတယ်။

အဲ့ဒီနောက်မှာတော့ နှစ်ယောက်ပေါင်းအင်အားနဲ့အတူ မြွေဟောက်ကို သေဆုံးသွားအောင် တိုက်ခိုက်နိုင်ခဲ့ပေမယ့်လည်း အမဲရောင်ခွေးလေး Miley ကတော့ မြွေဆိပ်မိပြီး သေဆုံးသွားခဲ့ရပါတယ်။

ရှေးလူကြီးတွေပြောခဲ့ကြတဲ့ အိမ်မွေးတိရိစ္ဆာန်တွေထဲမှာ ခွေးတွေက သစ္စာအရှိဆုံးဆိုတာ ဒီဖြစ်ရပ်လေးနဲ့ သက်သေပြလိုက်သလိုဖြစ်နေတယ်ဆိုပေမယ့် သေဆုံးသွားတဲ့ ခွေးလေး Miley ရဲ့လုပ်ဆောင်ချက်ကတော့ တကယ့်ကို ချီးမြှောက်သင့်တဲ့လုပ်ရပ်တခုပါပဲ။

သေဆုံးသွားခဲ့ပြီဆိုပေမယ့် မသေခင်မှာ အင်မတန်အဓိပ္ပယ်ရှိလှတဲ့ လုပ်ရပ်တခုကို အသက်အသေခံကာပြုလုပ်ပြီး သခင်အပေါ် သစ္စာရှိကြောင်း ပြသခဲ့တဲ့ ခွေးလေး Miley ရဲ့လုပ်ရပ်ကို ပရိသတ်တွေရော ချီးမြှောက်ပေးကြမယ်မလား။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။