စိတ်ကစဉ့်ကလျားရောဂါ (သို့မဟုတ်) "Schizophreni" ဆိုသည်မှာ တွေးတောမှုဆိုင်ရာ ဖြစ်စဉ်များနှင့် စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုများ ကစဉ့်ကလျား ဖြစ်နေသော စိတ်မူမမှန်ခြင်း တစ်မျိုးပင် ဖြစ်ပါတယ်...။ ထိုရောဂါဝေဒနာ ခံစားနေရသောသူသည် မရှိသော အသံများကို ကြားနေရခြင်း၊ အကြောင်းမဲ့ ကြောက်ရွံ့ခြင်း သို့မဟုတ် ထူးဆန်းသော ထင်ယောင်ထင်မှား ဖြစ်မှုများ ဖြစ်နေခြင်း၊ စကားပြောဆိုရာနှင့် တွေးခေါ်ရာတွင် အဆက်အစပ်မဲ့နေခြင်းများ ဖြစ်နေပြီး ထို့အတွက်ကြောင့် လူမှုရေးနှင့် အလုပ်အကိုင်ဆိုင်ရာများတွင် အဆင်မပြေမှုများ၊ ကမောက်ကမဖြစ်မှုများ ဖြစ်နေတတ်ပါတယ်...။

မျိုးရိုး၊ ငယ်စဉ်ဘဝ၊ ဦးနှောက်ဆိုင်ရာဇီဝဗေဒ၊ စိတ်ပညာဆိုင်ရာနှင့် လူမှုရေးဆိုင်ရာ အဖြစ်အပျက်အများသည် ရောဂါဖြစ်စေသည့် အဓိက အကြောင်းတရားများ ဖြစ်နိုင်ပြီး အချို့သော ဆေးဝါးများကြောင့်လည်း ရောဂါလက္ခဏာကို ဖြစ်ပေါ်စေခြင်း သို့မဟုတ် ပိုမိုဆိုးရွားသွားစေရန် အထောက်အကူပေးတာမလို့ သတိထားရမှာပါ....။

ရောဂါလက္ခဏာများကို အမျိုးမျိုးအဖုံဖုံ တွဲဖက် ပေါင်းစပ်နိုင်ခြင်းတို့ကြောင့် ရောဂါလက္ခဏာကို ခွဲခြမ်းစိတ်ဖြာရာတွင် ရောဂါ တစ်မျိုးတည်းကြောင့် ဖြစ်သည် သို့မဟုတ် ရောဂါ အမြောက်အများ ပေါင်းစပ်၍ ဖြစ်သည် ဆိုသည်ကိုမူ ဆွေးနွေးငြင်းခုံနေကြဆဲပင် ဖြစ်ပါတယ်...။ မူရင်း စကားလုံး "း စခရီဇိုဖီးနီးယား"သည် ဂရိဘာသာတွင် စိတ်နှစ်ခွဖြစ်ခြင်းဟု အဓိပ္ပာယ်ရသော်လည်း "စခရီဇိုဖီးနီးယား" သည် စိတ်နှစ်ခွဖြစ်ခြင်းနှင့်မတူပါဖူးနော်...။ လူတစ်ယောက်တည်းမှ စိတ်အနေအထား အမျိုးမျိုးဖြစ်သည့် စိတ်မူမမှန်သည့် ရောဂါ "multiple personality disorder" ၊ စိတ်အနေထား နှစ်မျိုး ရှိခြင်း "split personality" စသည်တို့သည် စိတ်ကစဉ့်ကလျား ရောဂါနှင့် ပတ်သက်ခြင်း လုံးဝမရှိတာပဲဖြစ်ပါတယ်...။ Myanmarload ပရိသတ်ကြီးအတွက် ကျန်းမာရေးဗဟုသုတဖြစ်ဖွယ် ပြန်လည်မျှဝေပေးလိုက်ပါတယ်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။