အိုင်တီခေတ်ကြီး ဖြစ်လာတဲ့ အခါမှာ ကျွန်နော်တို့ ပတ်ဝန်းကျင်မှာ တွေ့ရှိနေရတဲ့ ကလေး၊ သူငယ်တွေ အများအပြားဟာ ဖုန်းတွေ၊ တီဗီတွေ၊ လပ်တော့ တွေနဲ့ပဲ အချိန်ကုန်ကြလာတာဖြစ်ပါတယ်...။ တစ်ချို့မိဘတွေဆိုရင် မိမိရဲ့ ကလေးကို ထိန်းဖို့အတွက် ဖုန်း၊ တပ်ပလက်တွေ ဆော့ကစားခိုင်းတာမျိုးတွေရှိပါတယ်..။ ဒါဟာ လုံးဝမလုပ်သင့်တဲ့အရာမျိုးပါ...။ ၃ နှစ် ၄ နှစ်သိတက်ခါစအရွက်ကစ၍ လျှပ်စစ်ပစ္စည်းတွေနဲ့ ထိတွေ့ခိုင်းနေမယ်ဆိုရင် ထိုကလေးရဲ့ ဖွံ့ဖြိုးမှုနှုန်းတွေ၊ အသိဉာဏ်တွေဟာ ထင်ထားသလောက် မတိုးတက်လာပဲ သူတို့လေးတွေရဲ့ အနာဂတ်ကရွှံ့တွေ၊ သဲတွေနဲ့ ဆော့ကစားခိုင်းတာမျိုး ပြုလုပ်ပေး

ကျွန်နော်တို့ ကမ္ဘာကြီး နည်းပညာတွေ အရမ်းကိုမတိုးတက်ခင်တုန်းက ဆော့စရာတွေနေရာတွေ၊ သဘာဝကပေးတဲ့ အရာတွေဟာ အများအပြားရှိလှပါတယ်..။ တဟုန်ထိုး တိုးတက်လာတဲ့ နောက်မှာတော့ မြေကြီးနဲ့ ထိတွေ့ဖို့ အခွင့်အရေးဟာ တော်တော်ကြီးကို နည်းပါလာပါတယ်...။ ဒါဟာ နိုင်ငံတော်တော်များများမှာ တွေ့ကြုံနေရပြီး အချို့နိုင်ငံများကတော့ နည်းစနစ်တကျနဲ့ သေချာစွာ ဖြေရှင်းနေပြီဖြစ်ပါတယ်...။ ကလေးတွေကို ငယ်ငယ်လေးထဲကစပြီး မြေကြီးတွေ၊ သဲတွေနဲ့ ထိတွေ့ပြီး ဆော့ကစားခြင်းမျိုးပြုလုပ်ခိုင်းတာဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး ကြံ့ခိုင်ဖွံ့ဖြိုး စွာ ကြီးထွားလာစေမှာ ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက အဆိုပြုထားတာကြောင့်ပဲဖြစ်ပါတယ်...။

ကလေးတွေကို ရွှံ့တွေ၊သဲတွေနဲ့ ဆော့ခိုင်းရင် အချို့မိဘတွေက သူတို့လေးအတွက် အန္တရာယ်ရှိနိုင်တယ်လို့ ဆိုပါတယ်..။ အကောင်ဘလောင်ကိုက်မှာ၊ သန်ကောင်ကျမှာတွေကို အထူးစိုးရိမ်ကြတာပါ...။ ဒါဟာ လွယ်လွယ်ကူကူနဲ့ဖြေရှင်းတဲ့နည်းလမ်းတွေရှိပါတယ်..။ ဂိမ်းတွေ တီဗီတွေကြည့်လို့ အသက်ငယ်ငယ်လေးနဲ့ မျက်မှန်တွေ အထူကြီးတပ်လာရမှာတို့၊ ဦးနှောက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ပြသနာတို့ကို စိုးရိမ်တကြီးနဲ့ ဖြေရှင်းရမှာထက်ဆိုင်ရင်တော့ ခက်ခဲလှမယ်မထင်ပါဖူး...။ ဒါကြောင့်စာဖတ်ပရိသတ်ကြီးရေ....အနာဂတ်ကြယ်ပွင့်လောင်းလေးတွေကို ပြုစုပျိုးထောင်ပေးနိုင်ဖို့ ကလေးသူငယ်တွေကို အထူးဂရုစိုက်ရမှာဖြစ်ပြီး ရွှံ့တွေ၊ သဲတွေနဲ့ ဆော့ခိုင်းတာမျိုးပြုလုပ်ကြရမှာပါ...။ သူတို့လေးတွေက ဆော့ကစားတာမျိုးပြုလုပ်ရင်လဲ မတားမြစ်ပဲ ခြေလက်သန့်ရှင်းပေးတာမျိုး၊ အန္တရာယ်ကင်းမကင်း စောင့်ကြည့်ပေးတာမျိုးပဲပြုလုပ်ရမှာဖြစ်ပါတယ်...။

Source Bright Side 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။