January

ဇန်နဝါရီလမှာမွေးဖွားသူတွေဟာ အလုပ်ကြိုးစားပြီး အလုပ်တစ်ခုကို ပြီးဆုံးတဲ့အထိ လုပ်တတ်တဲ့သူတွေပါ။ သူတို့ဟာ သပ်သပ်ရပ်ရပ်နေတတ်ကြပြီး ကိစ္စတိုင်းကို ပေါ့ပေါ့တန်တန်သဘောမထားတတ်လို့ ခေါင်းဆောင်ကောင်းတွေဖြစ်လာနိုင်တဲ့သူတွေပါ။ ဇန်နဝါရီလမှာမွေးတဲ့သူလေးတွေက စိတ်ထိခိုက်ခံစားရလွယ်ပြီး တစ်ခါတစ်လေ မနာလိုဖြစ်နိုင်တတ်တဲ့သူတွေပါတဲ့။ သူတို့တွေက သူတို့ရဲ့စိတ်ခံစားချက်ကိုဖော်ပြရမှာ ရှက်တတ်ပြီး တစ်ခါတစ်လေလဲ ခေါင်းမာတတ်တဲ့သူတွေပါတဲ့။

ဇန်နဝါရီလမွေးဖွားသူတွေဟာ ကလေးချစ်တတ်ကြပြီး အချစ်ရေးမှာတော့ အမြဲသစ္စာရှိပြီး နက်နက်ရှိုင်းရှိုင်းခစေ်တတ်တဲ့သူတွေပါတဲ့။

February

ဖေဖော်ဝါရီလမှာမွေးတဲ့သူလေးတွေကတော့ စိတ်အပြောင်းအလဲမြန်ပြီး အခုတစ်မျိုး တော်ကြာတစ်မျိုးဖြစ်နေတတ်တဲ့သူတွေပါ။ သူတို့က အင်မတန်စဉ်းစားတွေးတောတတ်ပြီး သူတို့ရဲ့ရည်မှန်းချက်ကို ရောက်အောင်လုပ်တတ်တဲ့သူတွေပါ။ ဖေဖော်ဝါရီမွေးသူအချို့က အယူသည်းတတ်ကြပြီး ထူးထူးဆန်းဆန်း အကြံအစည်တွေရနေတတ်တဲ့သူပါ။ သူတို့ဟာ ဆွဲဆောင်မှုရှိတတ်ကြပြီး မိတ်ဆွေအလွယ်တကူဖွဲ့တတ်နိုင်ကြသူပါ။ ဒါပေမယ့် အချစ်ရေးမှာ မပွင့်လင်းတတ်သလို နာကျင်ခံစားရတဲ့သူတွေပါတဲ့။

March

မတ်လမွေးသူတွေဟာ ကြင်နာတတ်တဲ့နှလုံးသားရှိပြီး တခြားသူတွေဝမ်းနည်းရင်တောင် သူတို့ကပါလိုက်ပြီးဝမ်းနည်းတတ်တဲ့သူတွေပါ။ သူတို့က မေတ္တာထားတတ်တဲ့သူတွေပေမယ့် အပြင်ပန်းပုံစံကြောင့် အထင်လွဲခံရကောင်းခံရတတ်ပါတယ်။ သူတို့ဟာအကူအညီလိုအပ်နေတဲ့သူ နှစ်သိမ့်ဖို့လိုအပ်နေတဲ့သူတွေအတွက်အမြဲရှိနေတတ်ပါတယ်။ ဒါပေမယ့်သူတို့ဟာ အငြိုးအတေးထားတတ်ကြပြီး လူများတဲ့နေရာမှာ စိတ်အတက်အကျမြန်တတ်တဲ့သူပါတဲ့။ မတ်လမွေးသူအများစုဟာ ဂီတနဲ့ပတ်သတ်တဲ့ မွေးရာပါဗီဇပါလာတတ်သူများဖြစ်ပါတယ်။

April

ဧပရယ်လမှာမွေးသူတွေကတော့ မွေးရာပါဆွဲဆောင်မှုမရှိပေမယ့် သူတို့ရဲ့ ကြံ့ခိုင်တဲ့စရိုက်နဲ့ ချစ်တတ်တဲ့နှလုံးသားကြောင့် သူငယ်ချင်းတွေဝိုင်းနေတတ်ပါတယ်။ သူတို့ဟာ အင်မတန်ဖျတ်လတ်တက်ကြွပြီး ကိစ္စတိုင်းကို မြန်မြန်ဆန်ဆန်ဖြေရှင်းတတ်သူဖြစ်ပါတယ်။ စွန့်စားခန်းတွေလုပ်ရတာကြိုက်နှစ်သက်ပြီး တစ်ခါတစ်ရံမှာတော့ ဒေါသကြီးတတ်တာကြောင့် တခြားသူတွေက အမြင်စောင်းတတ်ပါတယ်။ သူတို့တွေဟာ အမှတ်တရများစွာကိုဖန်တီးတတ်ကြပြီး သူငါ်ချင်းတွေနဲ့မိသားစုကို ကူညီဖို့ ဘယ်တော့မှ ဝန်မလေးတတ်သူတွေဖြစ်ပါတယ်။

May

မေလမွေးသူတွေဟာ စိတ်ဓာတ်ကြံခိုင်ပြီး ဖြတ်​ထိုးဉာဏ်​ကောင်းသူတွေပါ။ သူတို့တွေဟာ ရုပ်ပိုင်းဆိုင်ရာကော စိတ်ပိုင်းဆိုင်ရာကော ဆွဲဆောင်မှုရှိပြီး သူတို့ရဲ့ လက်တွဲဖော်တွေကလဲ သူတို့လိုပဲကြံ့ခိုင်တဲ့သူတွေပါ။ သူတို့တွေဟာ ခရီးသွားရတာ ၊ ပန်းချီဆွဲရတာမျိုးတွေ သဘောကျတတ်ကြပါတယ်။ ဒါပေမာ့် ဖျားနာလွယ်တဲ့သူတွေဖြစ်ပြီး စိတ်တိလြဲလွာ်ပါတယ်။ မေလမွေးဖွားသူတွေဟာ အသုံးအစွဲချွေတာတတ်ပြီး လိုအပ်မှ သုံးတတ်သူတွေပါ။

June

ဇွန်လမွေးဖွားသူတွေဟာ စိတ်ထိခိုက်လွယ်ပြီး တခြားသူတွေ သူတို့ကို ဘယ်လိုပဲဆက်ဆံဆက်ဆံ လကခံတတ်သူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ ဖော်ရွေယဉ်ကျေးပြီးဟာသဉာဏ်ရွှင်တဲ့စရိုက်ကြောင့် သူငယ်ချင်းပေါတတ်ပါတယ်။ စိတ်ခံစားချက်လွယ်ပြီး နက်နက်ရှိုင်းရှိုင်းနာကျင်ခံစားတတ်သူတွေပါ။ စကားများတတ်ကြပြီး စကားရည်လုပွဲမှာဆို သူတို့ချည်းပဲနိုင်နေတော့တာပါ။ အပျင်းထူတတ်ကြပြီး ဆုံးဖြတ်ချက်ချရမှာ နှောင့်နှေးကြန့်ကြာတတ်တဲ့သူမျိုးတွေပါ။

July

ဇူလိုင်လမွေးသူတွေဟာ သူငယ်ချင်းဖြစ်ရလွယ်ပြီး အများနဲ့မတူတဲ့ ပင်ကိုယ်စရိုက်ရှိသူတွေပါ။ သူတို့ဟာ သိက္ခာရှိရှိနေဖို့ အလေးထားသူတွေဖြစ်ပြီး ပွင့်လင်းပြီး တခြားသူတွေအပေါ်ကိုလဲဂရုစိုက်တတ်ပါတယ်။ အချစ်ရေးမှာဆိုရင် သူတို့ဟာ သူတို့ဘက်ကနေစပြီးဆက်သွယ်ဖို့ထက် သူတို့ကို ဆက်သွယ်လာမှာကိုစောင့်နေတတ်သူများပါ။ စိတ်အပြောင်းအလဲမြန်ပြီး အငြိုးအတေးအကြာကြီးထားတတ်တဲ့သူပါ။ ပင်ကိုယ်စရိုက်ထက်မြက်ပြီး ကျောင်းစာမှာ ထူးချွန်သူတွေပါ။

August

သြဂုတ်လမှာမွေးဖွားသူတွေဟာ ကြောက်ရွံခြင်းမရှိတတ်ကြပဲ လူအများကို ဦးဆောင်နိုင်တဲ့အတွက် ခေါင်းဆောင်ကောင်းဖြစ်လာနိုင်သူတွေပါ။ လူအများအလယ်မှာထင်ပေါ်နေတတ်ပြီး သူတို့ကိုချီးကျုးတဲ့အသံတွေကို ကျေနပ်နေတဲ့သူတွေပါ။ လွယ်လွယ်နဲ့ချစ်တတ်ကြပြီး အချစ်ရေးမှာ ကတောက်ကဆဖြစ်လာမယ်ဆို မာနကိုရှေ့တန်းတင်တတ်တဲ့သူတွေပါ။ ရက်ရောပေးကမ်းတတ်ပြီး မွေးရာပါ အနုပညာဗီဇရှိသူပါ။ ခံနိုင်ရည်အားနည်းတာကြောင့် ခဏခဏတော့ ဖျားနေတတ်ပါတယ်။

September 

စက်တင်ဘာမွေးသူတွေဟာ ခေါင်းမာတတ်ကြပြီး ကရုဏာထားတတ်သလို ကြင်နာတတ်တဲ့သူတွေပါ။ သူတို့ဟာတခြားသူတွေရဲ့အမှားကိုမြင်တတ်ပြီး ပြစ်တင်ပြောဆိုလေ့ရှိပါတယ်။ သူတို့ဟာ အလုပ်အင်မတန်ကြိုးစားပြီး သပ်သပ်ရပ်ရပ်နေတတ်သူတွေပါ။ သူတို့ဟာတခြားသူတွေကို မကောင်းမြင်တတ်ကြပေမယ့် သူတို့ကိုယ်တိုင်ကိုက ထက်မြက်ပြီး ရည်မှန်းချက်ရောက်အောင် မတူညီတဲ့နည်းလမ်းနဲ့ သွားတတ်သူတွေပါ။ သူတို့ဟာ အပြင်ပန်းနဲ့မတူပဲ ခံစားချက်တွေဖုံးကွယ်ထားတတ်တဲ့သူမျိုးတွေပါ။ ချစ်ရေးချစ်ရာအကြံကောင်းကောင်းပေးနိုင်သူများလဲဖြစ်ပါတယ်တဲ့။

October

အောက်တိုဘာလမွေးတဲ့သူတွေဟာ မိတ်ဆွေဖွဲ့တတ်ကြပြီး သူတို့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံရင် သူတို့ကလဲ ဒီ့ထက်ကောင်းအောင်ဆက်ဆံတတ်ကြသူတွေပါ။ သူငယ်ချင်းတွေကို အရေးပေးဆက်ဆံတတ်ပြီး သူတိုနဲ့စကားလက်ဆုံကျတိုင်း ရယ်နေရတတ်တာမျိုး၊ မတူညီတဲ့အတွေးအခေါ်တွေရသွားတာမျိုးတွေဖြစ်နိုင်ပါတယ်။ တခြားသူတွေရဲ့လွှမ်းမိုးမှုကို မကြာခဏခံရပြီး ပင်ကိုယ်စရိုက်အားဖြင့်ကလေးချစ်တတ်တဲ့သူတွေပါတဲ့။

November 

နိုဝင်ဘာလမှာမွေးဖွားတဲ့သူတွေဟာ ကြံ့ခိုင်ပြီး သူတို့ရဲ့ အနာဂတ်အတွက် မတူညီတဲ့ အတွေးအခေါ်တွေ အကြံအစည်တွေရှိနေတတ်ကြပါတယ်။ စိတ်ကောစရိုက်ကောထက်ပြီး လျိှု့ဝှက်တတ်တဲ့သူတွေပါတဲ့။ သူတို့ဟာ ငြိမ်ငြိမ်လေးနေရာကနေ ရုတ်တရက်ဒေါသထွက်ပြီးပေါက်ကွဲတာမျိုးဖြစ်တတ်တဲ့သူတွေပါ။ တခြားသူတွေရဲ့မကောင်တဲ့အမြင်ကို သူတို့ရဲ့ထက်မြက်တဲ့စရိုက်က ကျော်လွှားနိုင်ပါတယ်။ ရိုးသားကူညီတတ်ပြီး အလုပ်မှာဆိုရင် ဆရာဝန် ဒါမှမဟုတ် သိပ္ပံနည်းပညာပိုင်းမှာထူးချွန်နိုင်တဲ့သူတွေပါ။

December

ဒီဇင်ဘာလမွေးဖွားသူတွေဟာ ရက်ရောတတ်ပြီး သစ္စာရှိတဲ့သူတွေပါ။ သူတို့ရဲ့ ယုံကြည်စိတ်ချရမှု၊ ရိုးသားမှုတို့ကြောင့် လူမှုဆက်​ဆံ​ရေးမှာ နာမည်ကောင်းရတတ်ကြပါတယ်။ အဆော့မက်ပြီး ဟာသဉာဏ်ရွှင်ကာ မျိုးချစ်စိတ်ဓာတ်ပြင်းထန်သူများဖြစ်ကြပါတယ်။ သူတို့ဟာ အဖွဲ့အစည်းတွေမှာ ဦးဆောင်နိုင်ကြပြီး အားနည်းချက်တွေကတော့ စိတ်မရှည်တာ၊ ဒေါသကြီးတာ၊ စိတ်မြန်လက်မြန်လုပ်တတ်တာပဲဖြစ်ပါတယ်။ သူတို့ကို ချီးကျူးနေပြီဆို အလိုလိုမြောက်နေတတ်တဲ့လူမျိုးတွေပါတဲ့။

Source : ladylifehacks

Tranated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။