"HIV" နှင့် "AIDS"ခေါ် ခုခံအားကျဆင်းမှုရောဂါ ပျံ့နှံ့မှုသည် ကမ္ဘာပေါ်ရှိ သန်းပေါင်းများစွာသော လူသားတို့အား သက်ရောက်ခဲ့တာဖြစ်ပါတယ်...။ယင်းကဲ့သို့ ကမ္ဘာအနှံ့ကူးစက် ပျံ့နှံ့သည့်နောက်တွင် ထိုရောဂါနှင့် စပ်လျဉ်း၍ အယူအဆအမှားများလည်း ထွက်ပေါ်လာပါသည်...။ အောက်မှာတင်ဆက်ဖော်ပြပေးမယ့် အကြောင်းအရာများသည် "အချို့အဖြစ်များသော အယူအဆမှားများကို စာရင်းနှင့်တကွ ရှင်းလင်းပြောပြချက်များ ဖြစ်ပြီး၊ ယင်းမှားယွင်းမှုတို့ကို ပြန်လည်ချေပထားမှုများလည်း ပါဝင်တာပဲဖြစ်ပါတယ်...။ "HIV"နှင့် "AIDS" ကြားရှိ ဆက်နွယ်မှုကို ဦးစွာ ပြောကြားပါရစေ...။ "HIV"သည် "AIDS"နှင့် အတူပင်ဖြစ်သည်ဆိုတာက မှားယွင်းနေတာပါ...။ "HIV"သည် လူသားတို့၏ ခုခံအားကို ကျဆင်းစေသော ဗိုင်းရပ်စ်၏ အတိုကောက်ဖြစ်ပြီး "H"ရောဂါသည် "ခုခံအားကျဆင်းမှုကြောင့် ဖြစ်သောရောဂါ" ရောဂါလက္ခဏာများ၊ နာမကျန်းမှုများ နှင့် ခုခံအားစနစ် ကျဆင်းမှု နှင့်ဆက်နွယ်သော ရောဂါဖြစ်ပွားမှုများ တို့ကို စုစည်းထားခြင်းဖြစ်ပင်ဖြစ်ပါတယ်။ "HIV"သည် "X"ကို ဖြစ်စေသော အရင်းခံအကြောင်းဖြစ်သော်လည်း "HIV" သည် အောင်းနေသောအခြေအနေနှင့် နှစ်ပေါင်းများစွာ ရှိနေနိုင်သဖြင့် "HIV" ရှိနေသော သူအားလုံးတို့သည် "H"ရောဂါ ရှိသူများ မဟုတ်ပေ....။

"အပျိုစင်နှင့် လိင်ဆက်ဆံမှုပြုခြင်းသည် AIDSကို အရှင်းပျောက်စေသည်...." ဒါဟာလွယ်မှားသော ယုံတမ်းစကားပင်ဖြစ်သည်....။ အာဖရိက ဆာဟာရအောက်ပိုင်းဒေသတွင် ပျံ့နှံ့နေသည့် ထိုဒဏ္ဍာရီသည် အာဖရိကအတွင်း လူမမည် ကလေးငယ်များအား မတရားပြုကျင့်ခြင်းတို့ အပါအဝင် ထိုသို့ သော "ကာမဆိုင်ရာအလွဲသုံးစားမှု နှင့် ကလေးသူငယ်များအားမတရားပြုမှု ဖြစ်ပွားခြင်းတို့၏ အကြောင်းရင်းတစ်ရပ်" အဖြစ် အထင်အရှားသတိပြုမိလာစေတဲ့ မှားယွင်းသော ယုံတမ်းစကားပင်ဖြစ်တယ်...။ "ခံတွင်းဖြင့် လိင်ဆက်ဆံမှုပြုခြင်းမှတဆင့် HIV မကူးစက်နိုင်ပါ"ဆိုတဲ့အချက်ကတော့......၊ ခံတွင်းဖြင့်လိင်ဆက်ဆံမှုပြုခြင်းမှာ မိန်းမကိုယ်၊ စအိုနှင့် လိင်ဆက်ဆံခြင်း တို့ထက် HIVပိုးကူးစက်မှုနှုန်း နိမ့်သည်ဟု လက်ခံထားသော်လည်း HIVသည် ခံတွင်းဖြင့် လိင်ဆက်ဆံသည့် ထည့်သွင်းသောသူရော၊ လက်ခံသူနှစ်ဦးလုံးမှတဆင့် ကူးစက်ပျံ့နှံ့နိုင်တာပဲဖြစ်ပါတယ်...။ လိင်အင်္ဂါ ပေါ်တွင်အနာအပွင့်များရှိခြင်းနှင့် သို့မဟုတ် ပါးစပ်တွင် သို့မဟုတ် ထင်ရှားသော သွားဖုံးရောဂါ သို့မဟုတ် သွေးထွက်ခြင်း အဖြစ်များရှိလျှင် ကူးစက်ပျံ့နှံ့မှုအန္တရာယ် အမြင့်မားဆုံးပဲဖြစ်ပါတယ်...။ အကြောင်းကတော့ သုတ်ရည် နှင့် အရည်ပြားကွဲနေသည့်နေရာ သို့မဟုတ် ပါးစပ်မျက်နှာပြင်တို့တွင် တိုက်ရိုက်ထိတွေ့မှု ရှိသွားခြင်းကြောင့်ပင်ဖြစ်ပါတယ်....။

"HIVသည် လိင်တူဆက်ဆံသူအမျိုးသားများနှင့် မူးယစ်ဆေးသုံးစွဲသူတို့ကိုသာ ရောဂါဖြစ်ပွားကူးစက်စေသည်...." ဆိုတဲ့ အချက်ကဆိုရင်တော့ အမေရိကန်ပြည်ထောင်စုတွင် အမျိုးသားများအတွက် ရောဂါကူးစက်စေသော အဓိကလမ်းမှာ လိင်တူဆက်ဆံမှု ပြုခြင်းမှတဆင့် ပင်ဖြစ်ပါတယ်။ အမျိုးသမီးတို့တွင် ကူးစက်ပျံ့နှံ့ခြင်း ပထမအဆင့်သည် လိင်ကွဲဆက်ဆံခြင်းမှ တဆင့်ပင်ဖြစ်ပါတယ်..။ မည်သို့ပင်ဖြစ်စေ HIVသည် မည်သူ့ကိုမဆို အသက်အရွယ်၊ ယောက်ျားမိန်းမ၊ လူမျိုး သို့မဟုတ် ကာမဆက်ဆံပုံအကြိုက်တို့ကို မထောက်ထားဘဲ ကူးစက်ရောဂါ ဖြစ်စေနိုင်တာပဲဖြစ်ပါတယ်...။ စအိုနှင့်လိင်ဆက်ဆံခြင်း (လက်ခံသူအဖော်ဟာ မိန်းမဖြစ်စေ၊ ယောက်ျားဖြစ်စေ)သည် လိင်ဆက်ဆံမှု အပြုအမူများ အများစုထက်ပိုမို၍ ရောဂါကူးစက်ဖြစ်ပွားမှု အန္တရာယ်ပိုမြင့်သည်မှာအမှန်ပင် ဖြစ်သော်လည်း မည်သူတို့တွင်မဆိုထိုးသွင်းမှုပြုလုပ်သော လိင်ဆက်ဆံမှု အပြုအမူအများစုမှလည်း အန္တရာယ်ကို သယ်ဆောင်လာတာဟာ ဧကန်မလွဲပင်ဖြစ်ပါတယ်...။ ကွန်ဒုံးကို မှန်ကန်စွာ သုံးစွဲခြင်းသည် ထိုအန္တရာယ်ကို လျော့နည်းနိုင်စေပါတယ်....။ Myanmarload ပရိသတ်ကြီးအတွက် ကျန်းမားရေးဗဟုသုတဖြစ်ဖွယ် တင်ဆက်ဖော်ပြပေးလိုက်ပြီး "ခုခံအားကျဆင်းခြင်းရောဂါနဲ့" ပတ်သက်၍ အသိအမြင်၊ ဗဟုသုတအမှန်တွေကို ရရှိပါစေနော်...။

Source ဝီကီပီးဒီးယား

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။