ပြီးခဲ့တဲ့ရက်ပိုင်းက ပါကစ္စတန်နိုင်ငံအတွင်းမှာ လေယာဉ်ပျက်ကျမှုတစ်ခုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။

၎င်းလေယာဉ်ကတော့ စစ်ဘက်လေယာဉ်တစ်စင်းဖြစ်ပြီး ပန်ဂျပ်ပြည်နယ် ၊ ရာဝါပင်ဒီမြို့က လူနေရပ်ကွက်ထဲကို ပျက်ကျခဲ့တာဖြစ်တယ်လို့သိရပါတယ်။

၎င်းလေယာဉ်ပျက်ကျခဲ့တာကတော့ လေ့ကျင့်ပျံသန်းနေစဉ် စက်ချို့ယွင်းပြီး ပျက်ကျခဲ့တာပဲ ဖြစ်ပါတယ်။

၎င်းလေယာဉ်ပေါ်မှာတော့ လေယာဉ်မှူးအပါအဝင် စုစုပေါင်း ငါးယောက်လိုက်ပါလာခဲ့တယ်လို့သိရပါတယ်။

လေယာဉ်ပျက်မှုဖြစ်ပေါ်ခဲ့ချိန်မှာတော့ ၎င်းငါးယောက်လုံးသေဆုံးခဲ့ရသလို လေယာဉ်ပျက်ကျရာရပ်ကွပ်ထဲက ဒေသခံ ၁၃ ဦးလောက်ပါ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

ဒ့ါအပြင် ၎င်းလေယာဉ်ဟာပျက်ကြပြီး မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့တာကြောင့် နောက်ထပ် ဒဏ်ရာရရှိသူ ၁၂ ဦးလောက်လည်း ရှိနေတယ်လို့ သိရပါတယ်။

Source – Metro

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။