ဆူလ်တန် အဗ္ဗဒူလာကတော့ မလေးရှားနိုင်ငံရဲ့ ၁၆ ဆက်မြောက် ဘုရင်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။

သူဟာ မလေးရှားဘုရင် ဆူလ်တန်မိုဟာမက် အနေနဲ့ ထီးနန်းကိုစွန့်ခွာသွားတာကြောင့် အရိုက်အရာကိုဆက်ခံပြီး ဘုရင်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ၎င်းနန်းစွန့်ဘုရင် ဆူလ်တန်မိုဟာမက်ဟာ ရုတ်တရက် ထီးနန်းစွန့်ခွာခဲ့တာဖြစ်သလို သူ့ရဲ့ဒီလုပ်ရပ်ကြောင့် သက်တမ်း ၅ နှစ်မပြည့်ခင် ထီးနန်းစွန့်တဲ့ ပထဆုံးဘုရင်ဖြစ်လာခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ မလေးရှားဘုရင်နေရာကို ဆူလ်တန် အဗ္ဗဒူလာက ဆက်ဆံထားခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ ဇူလိုင်လ ၃၀ ရက်နေ့က နန်းတက်ပွဲကျင်းပခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ယခုဘုရင် အဗ္ဗဒူလာဟာ အရင်က အာရှာဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဌအနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ယောက်ဖြစ်တယ်လို့လည်း သိရပါတယ်။

Source - CNA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။