ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ ကမ္ဘာတစ်လွှားရှိထူးခြားဆန်းပြား အံ့သြဖွယ် အကြောင်းအရာများပဲဖြစ်ပါတယ်...။ စာဖတ်ပရိသတ်ကြီးထဲက ခွေးချစ်သူလေးတွေပါရင် အခုဖော်ပြပေးမယ့် သတင်းကိုဖတ်ပြီးရင် ရယ်ပြုံးကြမှာအမှန်ပင်ဖြစ်ပါတယ်..။ ပြင်သစ်နိုင်ငံမှာဖြစ်ပျက်သွားတဲ့ အကြောင်းအရာလေးပဲဖြစ်ပါတယ်...။ "Yada Ornsomjit" ဆိုတဲ့ အမျိုးသမီးငယ်က သူမရဲ့ အိမ်အောက်ထက်ကို ဆင်းလာတဲ့အခါမှာတော့ ကိုယ့်မျက်လုံးကို ကိုယ်မယုံနိုင်တဲ့ အဖြစ်အပျက်ကိုကြုံခဲ့ရပါတယ်..။

စာဖတ်ပရိသတ်ကြီးရေ....အစိမ်းရောင်လူသန်ကောင်ကြီးဖြစ်တဲ့ "Hulk" ကားကို ကြည့်ဖူးကြမယ်ထင်ပါတယ်...။ "yada" အိမ်မှာမွေးထားတဲ့ ပြင်သစ် အမျိုးအစားခွေးနှစ်ကောင်ဟာဆိုရင် တစ်ကိုယ်လုံးစိမ်းနေပြီး မသိရင် ထိုကားထဲကလို သန်မာထွားကြိုင်းတဲ့ ခွေးဘီလူးကြီးများဖြစ်သွား မလား၊ ဒါမှမဟုတ် အခြားဂြိုလ်ကများလာထားသွားလားဆိုပြီး ရုတ်တရက်ထိတ်လန့်ခဲ့ရပါတယ်..။ အကယ်၍ ပရိသတ်ကြီးကော အိပ်ရာနိုးနိုးချင်းထိုကဲ့သို့သော အဖြစ်နဲ့ ကြုံလာလျှင် ဘယ်လိုများနေမလဲ နော်.....။

"yada" ရဲ့ခင်ပွန်းဖြစ်သူကလည်းရောက်လာပြီး သေချာစွာ လေ့လာကြည့်တဲ့အခါမှာတော့ ထိုမျောက်ရှုံးအောင် ဆော့တဲ့ ခွေးဘီလူးနှစ်ကောင်ဟာဆိုရင် အိမ်နောက်ဖေး၊ မီးဖိုချောင်းထဲမှာ သောင်းကြမ်းထားကာ တစ်ကိုယ်လုံးဆဲပြာမှုန့်တွေ၊ မဲနယ်မှုန့်တွေ ပေကျံနေတာဖြစ်ပါတယ်...။ ဒါနဲ့မထူးဖူးဆိုပြီး သူတို့လင်မယားနှစ်ယောက်က အဆိုပါ အစိမ်းရောင်တွေ ပေကျံနေတဲ့ ခွေးဘီလူးနှစ်ကောင်ကို ဗီဒီယိုရိုက်ပြီး "Incredible Hulk Green Bulldogs..." ဆိုတဲ့ ခေါင်းစဉ်နဲ့ You Tube မှာ ကောက်တင်လိုက်တာဖြစ်ပါတယ်...။ အဆိုပါ ခွေးဘီးလူးနှစ်ကောင်ဟာဆိုရင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အရွှန်းဖောက်တဲ့ ရယ်မောကြည်နူးဖွယ် အဖြစ်အပျက်တစ်ခုအနေနဲ့ တည်ရှိနေပါတယ်...။

Source Life Buzz

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။