ကလေးငယ်လေးတွေဆိုတာဟာ မိဘတွေရဲ့ အရိပ်အာဝါသ အောက်က ခနလောက်လွပ်ထွက်သွားတဲ့ အချိန်လေးမှာတောင် အန္တရယ်တွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက တူရကီနိုင်ငံအတွင်းမှာဆိုရင်လည်း ကလေးငယ်လေးသုံးယောက်ဟာ ဓာတ်လှေကားစီးစဉ် ၎င်းထဲက ကလေးငယ်လေးတစ်ယောက်ဟာ အသက်သေဆုံးနိုင်တဲ့ အန္တရယ်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဘာကြောင့်လဲဆိုရင် ၎င်းကလေးငယ်လေးဟာ သူ့ရဲ့လည်ပင်းမှာ ကြိုးကွင်းတခုကို စွပ်လာခဲ့ပြီး ဓာတ်လှေကားထဲဝင်ချိန်မှာ ကြိုးကွင်းရဲ့အစက ဓာတ်လှေကားအပြင်မှာ ကျန်ခဲ့တာကြောင့် ဓာတ်လှေကားတံခါးပိတ်ပြီး အပေါ်ကိုတက်ချိန်မှာ ၎င်းကြိုးစဟာ ဓာတ်လှေကားတံခါးကြားမှာ ညပ်နေခဲ့ပြီး ကလေးငယ်လေးဟာလည်း လည်ပင်းမှာကြိုးကွင်းစွပ်လျက်သားနဲ့ အပေါ်ကို မြောက်တက်သွားခဲ့တာတွေ့ရပါတယ်။

အဲ့အချိန်မှာတော့ ကလေးသုံးယောက်ထဲက အကြီးဆုံးကလေးတစ်ယောက်ဟာ အလျင်အမြန်ဘဲ ၎င်းကလေးငယ်လေးကို အပေါ်ကို မြှောက်ပြီး လည်ပင်းမှာ စွပ်ထားတဲ့ ကြိုးကွင်းကို ဖြုတ်ပေးခဲ့တာကြောင့် အသက်သေဆုံးနိုင်တဲ့ အန္တရယ်ကနေ လွတ်မြောက်သွားခဲ့တာပဲဖြစ်ပါတယ်။

အကယ်၍ အသက်အကြီးဆုံးလို့ထင်ရတဲ့ သူသာ ၎င်းကလေးငယ်လေးကို ဉာဏ်ကောင်းကောင်းနဲ့ မကယ်တင်နိုင်ခဲ့ဘူးဆိုရင် သူ့ရဲ့အသက်ဟာ သေဆုံးသွားနိုင်တဲ့ အခြေအနေမှာရှိနေခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်တွေကိုယ်တိုင်မြင်တွေ့နိုင်စေဖို့အတွက်လည်း ဓာတ်လှေကားစီစီတီဗွီကနေ မှတ်တမ်းတင်ထားနိုင်တဲ့ ၎င်းဖြစ်ရပ် ဗီဒီယိုဖိုင်လေးကိုပါ ထည့်သွင်းဖော်ပြေပေးလိုက်ရပါတယ်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။