လူသားတွေရဲ့ဒဏ်ရာတွေ ဝေဒနာတွေကို ကုသပေးတဲ့ ဆေးပညာဟာ တနေ့ထက်တနေ့ကို အလျှင်အမြန်နဲ့ တိုးတက်လာနေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက အိန္ဒိယနိုင်ငံအတွင်းမှာဆိုရင် Suresh Sen လို့ခေါ်တဲ့ အိန္ဒိယ အမျိုးသားတစ်ဦးဟာ လမ်းပေါ်က ရန်ပွဲတစ်ခုမှာ ရန်ဖြစ်ရင်း သူ့ရဲ့လက်နှစ်ဖက်လုံးဟာ လက်ကောက်ဝတ်ကနေ ပြတ်ဖို့တည်းတည်းလေးသာ ကျန်တဲ့လောက်ထိ ဓါးနဲ့ခုတ်ခံခဲ့ရပါတယ်။

ဒါ့ကြောင့်သူဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၅ ရက်နေ့က Goyal ဆေးရုံကိုသွားခဲ့ပြီး သူ့ရဲ့ဝေဒနာကို ကုသပေးဖို့တောင်းဆိုခဲ့ပါတယ်။

ဟိုးအရင်တုန်းကဆေးပညာအနေနဲ့ဆိုရင်တော့ သူ့ရဲ့ပြတ်တော့မလိုဖြစ်နေတဲ့ လက်ကို ပြန်ဆက်ပေးဖို့က ခက်ခဲလှတဲ့ အခြေအနေတစ်ခုဖြစ်ပေမယ့် ၎င်းဆေးရုံကဆရာဝန်တွေကတော့ သူ့ကိုလက်ဖြတ်ပစ်ရမယ့် အရေးကနေ ကယ်တင်ခဲ့ပါတယ်။

၎င်းဆေးရုံကဆရာဝန်တွေဟာ Suresh Sen ရဲ့ဒဏ်ရာကိုမြင်တွေ့တဲ့အချိန်မှာ တိုင်ပင်မှုတွေပြုလုပ်ခဲ့ပြီး ၁၀ နာရီကြာမြင့်တဲ့ operation တစ်ခုကိုပြုလုပ်ခဲ့ပါတယ်။

၎င်း operation အတွင်းမှာတော့ ဆရာဝန်တွေဟာ သူ့ရဲ့ပြက်သွားတဲ့ ကြွက်သားတွေ ၊ nerves ကြောတွေ ၊ အရွတ်ကြောတွေ နဲ့ အရိုးတွေကို ပြန်ဆက်အောင် ကြိုးစားဆောင်ရွက်ခဲ့ကြပါတယ်။

လက်ရှိအချိန်မှာတော့ ဆရာဝန်တွေအားလုံးရဲ့ ကြိုးစားမှုကြောင့် ၎င်းအမျိုးသား Sen ဟာ လက်ဖြတ်ပစ်ရမယ့်အရေးကနေ ကင်းဝေးခဲ့သလို သူ့ကိုကုသပေးခဲ့တဲ့ ဆရာဝန်တွေဖြစ်တဲ့ Dr Narendara Yadav , Dr Shobha , Dr Kamal တို့ကိုလည်း အိန္ဒိယပြည်သူတွေက ဝိုင်းဝန်းချီးကျူးနေကြတယ်လို့ သိရပါတယ်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။