ဒီအမျိုးသားကတော့ အများတကာလို ဘဝနာလိုက်တာလို့အော်ဖို့တောင် သူ့မှာအချိန်မရှိတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် အားကိုးရာမဲ့နေတဲ့မိခင်ဖြစ်သူကို လုပ်ကျွေးဖို့ စားဝတ်နေရေးအတွက် ကိုယ်ကိုယ်တိုင်ရှာစားရမှဖြစ်မယ်ဆိုတာကို နားလည်သဘောပေါက်ထားသူတစ်ဦးဖြစ်နေတာကြောင့် ပဲဖြစ်ပါတယ်။

သူဟာ တရုတ်နိုင်ငံက Chen Xingyin Chongqing လို့ခေါ်တဲ့ လယ်သမားတစ်ဦးဖြစ်ပြီး သူရဲ့အသက်ဟာ ၅၀ ဝန်းကျင်လောက်ရှိနေပြီပဲဖြစ်ပါတယ်။

သူ့ရဲ့မိခင်ကတော့ အသက် ၉၀ ကျော်အရွယ်ရှိနေပြီဖြစ်ပြီး ပြင်းထန်တဲ့ရောဂါဝေဒနာတွေကြောင့် အိပ်ရာထဲမှာပဲလဲနေရတာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် Chen ဟာသူ့မှာ လက်နှစ်ဖက်မရှိပေမယ့်လည်း သူပိုင်တဲ့လယ်လေးကိုကျောင်းကာ ဝင်ငွေရှာပြီး မိခင်ရောဂါသည်ကြီးကို ပြုစုစောင့်ရှောက်နေတာပဲဖြစ်ပါတယ်။

သူ့ရဲ့လေးစားစရာကောင်းတဲ့စိတ်ဓာတ်လေးကတော့ သူဟာ လက်နှစ်ဖက်မရှိတဲ့ ဒုက္ခိတတစ်ယောက်ဆိုပေမယ့် သူများဆီက မတောင်းရမ်းဘဲ ကိုယ့်အစွမ်းအစနဲ့ ဝင်ငွေရှာပြီး မိခင်ကို အလုပ်အကျွေးပြုနေတာပဲဖြစ်ပါတယ်။

သူ့ရဲ့လက်တွေကို ဆုံးရှုံးခဲ့ရတာတော့ အသက် ခုနှစ်နှစ်အရွယ်လောက်မှာဖြစ်ပြီး အဲ့အချိန်ထဲကနေ သူဟာဒုက္ခိတစ်ယောက်ဖြစ်ခဲ့ပေမယ့် သူ့ဘဝကိုသူ အရှုံးမပေးခဲ့ပါဘူး။

သူ့ရဲ့ခြေထောက်တွေကိုသုံးကာ လယ်အလုပ်လုပ်လိုက် ထမင်းဟင်းချက်လိုက် ၊ မိခင်ကြီးရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးလိုက်နဲ့ သူ့ရဲ့တနေ့တာဟာ လုပ်စရာအလုပ်တွေနဲ့ အမြဲပြည့်နှက်နေတာပဲဖြစ်ပါတယ်။

ဒီပုံလေးတွေကိုမြင်ရတာနဲ့တင် လက်နှစ်ဖက်မရှိဘဲနဲ့ မိခင်ကြီးကို အလုပ်အကျွေးပြုနေတာ ဘယ်လောက်ခက်ခဲမလဲဆိုတာ သိနိုင်ပေမယ့် ၎င်းအမျိုးသားကတော့ ကျေကျေနပ်နပ်ကြီးနဲ့ကို ရောဂါသည်မိခင်ကြီးကို အလုပ်မကျွေးပြုနေတာပဲဖြစ်ပါတယ်။

Source - Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။