Rizza Jane Robles Paragasအမည်ရတဲ့ အမျိုးသမီးဟာ ၂၀၁၂တုန်းက လူတိုင်းသတိမထားမိခဲ့တဲ့၊ အလှောင်ခံရ၊ သဘောကျမယ့်ယောကျာ်းလေးမရှိခဲ့တဲ့ ခပ်ဝဝရုပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ပါ။ သူမဟာ သူမရဲ့ခန္ဓာကိုယ်အချိုးအစားကြောင့် အမြဲလိုလို အနိုင်ကျင့်ခံကသူတစ်ဦးလဲဖြစ်ပါတယ်။

ဒ့ါကြောင့် သူမဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ အနာတရာတွေ ခနခနဖြစ်ပေါ်ခဲ့သလို ကြိတ်ပြီး ငိုကြွေးခဲ့ရတဲ့ နေ့ရက်တွေလည်း အများကြီးမှ အများကြီးရှိခဲ့တာပဲဖြစ်ပါတယ်။

သို့ပေမယ့် သူမဟာနောက်ဆုံးမှာ စိတ်ဓာတ်တစ်ခုကို အခိုင်အမာတခုချခဲ့ပြီး သူမရဲ့အရမ်းဝနေတဲ့ ခန္ဓာကိုယ်ကို ဝိတ်ချဖို့အတွက် ကြိုးစားခဲ့ပါတယ်။

သူမတစ်ကြိမ်ကြိုးစားတယ် မအောင်မြင်ခဲ့ပါဘူး ၊ ဒုတိယအကြိမ် ထပ်ကြိုးစားတယ် ဒါပေမယ့်လည်း ထပ်မအောင်မြင်ခဲ့ပြန်ပါဘူး၊ ဒါပေမယ့်လည်း သူမဟာ လက်မလျော့လဲ သုံးကြိမ်မြောက် ဝိတ်ချဖို့ကို ထပ်မံကြိုးစားခဲ့ပါတယ်။

အဲ့အချိန်မှာတော့ သူမရဲ့စိတ်ဓာတ်ဟာ အရင်ကထက်ပိုခိုင်မာလာခဲ့ပြီး သူမရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ ဗိုက်ကြီးသည်လို့ အခေါ်ခံရမှုကနေ လွတ်မြောက်ပြီး ခန္ဓာကိုယ်လှလှလေးမှာ ဂါဝန်လှလှလေးတွေဝတ်ချင်တဲ့ သူမရဲ့အိမ်မက်ဆီကို အရောက်သွားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ သူမဟာ အရမ်းလှပတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပြီဖြစ်ပြီး အရင်က ဗိုက်ကြီးသည်လို့ သူမကိုခေါ်ခဲ့တဲ့သူတွေကတောင် ပြန်ငေးကြည့်ရတဲ့ ခန္ဓာကိုယ်အလှကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။

ဒါ့အပြင် သူမရဲ့အရင်ကပုံနဲ့ လက်ရှိဓာတ်ပုံကိုအတူတွဲပြီး လူမှုကွန်ယက်ပေါ်တင်လိုက်တဲ့အခါမှာဆိုရင်လည်း အင်တာနက်သုံးစွဲသူတွေကြားမှာ ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့သေးတာပဲဖြစ်ပါတယ်။

ကဲပရိတ်သတ်ကြီးရေ အရမ်းဝနေတာက စိတ်ညစ်စရာမဟုတ်ပါဘူးနော် ၊ သူမလိုသာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကြိုးစားလိုက်မယ်ဆိုရင် အရမ်းလှတဲ့ခန္ဓာကိုယ်လေးက ကိုယ့်ကိုယ်စောင့်ကြိုနေတယ်ဆိုတာ မေ့မထားကြနဲ့ဦးနော်။

Source – Insidereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။