သားမွေးရင်မြတ်တယ်လို့ မြန်မာလူမျိုးတွေရဲ့အယူအရ အဆိုပါအမျိုးသမီးဟာ သားချည်းပဲ ၁၃ယောက်မွေးဖွားပြီးဖြစ်ပါတယ်။

ဘရာဇီးနိုင်ငံမှာနေထိုင်တဲ့ Ireneu Cruz အမည်ရလယ်သမားတစ်ဦးနဲ့ ဇနီးဖြစ်သူတို့ဟာ သမီးမိန်းကလေးမမွေးမချင်း ကလေးမွေးလာလိုက်တာ သားချည်းပဲ ၁၃ယောက်ထွက်လာတဲ့အထိပါပဲ။ သူတို့လင်မယားဟာ လက်ထပ်ခဲ့တာ ဆယ်စုနှစ် နှစ်စုကြာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အကြီးဆုံးသားဟာ အသက်၁၈နှစ်ရှိနေပြီဖြစ်ပြီး အငယ်ဆုံးသားလေးကတော့ လသားအရွယ်ပဲ ရှိပါသေးတယ်။

သူတို့လင်မယားနှစ်ယောက်ဟာ ဇနီးဖြစ်သူ Jucicleide Silva ကိုယ်ဝန်ရတဲ့အချိန်မှာ ယောကျာ်းလေးဖြစ်ရင် ခင်ပွန်းက ကလေးကိုနာမည်ပေးမှာဖြစ်ပြီး၊ မိန်းကလေးဆိုရင်တော့ ဇနီးကနာမည်ပေးမှာဖြစ်တယ်လို့ ကတိထားခဲ့ကြပါတယ်။ ဒါပေမယ့်အခုချိန်ထိတော့ ခင်ပွန်းဖြစ်သူကနေသာ သား၁၃ယောက်လုံးကို နာမည်ပေးခဲ့ရပြီး Silvaအနေနဲ့ သမီးမိန်းကလေးမမွေးလာသေးတာကြောင့် သူမရဲ့ကလေးကို နာမည်ပေးဖိုအခွင့်အရေးမရသေးဘူးလို့ဆိုပါတယ်။

သုတေသနပြုလုပ်ချက်အရ သားယောကျာ်းလေးတွေချည်းပဲ ၁၃ယောက်မွေးဖွားဖို့ဆိုတာ အပုံ၈ဝဝဝမှာ တစ်ပုံသာရှိတဲ့ ဖြစ်နိုင်ချေဖြစ်ပြီး Ireneuတို့ လင်မယားကတော့ မိန်းကလေးမရမချင်း ဆက်ကြိုးစားသွားမယ်လို့ဆိုပါတယ်။ ဒါ့အပြင် သားဖြစ်သူတွေဟာ ရွာထဲမှာ ဘောလုံးကန်တော်တဲ့သူတွေဖြစ်ပြီး နာမည်တွေကိုလည်း ဘောလုံးသမနာမည်တွေကိုယ်စားပြု ပေးထားကြောင်းသိရပါတယ်။

လက်ရှိအချိန်ထိတော့ သူတို့လင်မယား သမီးမိန်းကလေးမရရှိသေးပေမယ့် မွေးထားတဲ့ သားယောကျ်ားလေးတွေကတော့ ဘောလုံးတစ်သင်းစာလောက်ရှိနေပြီပဲ ဖြစ်ပါတယ်။

Source - Hausa 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။