အဝါရောင်နဲ့ Labrador အမျိုးအစားခွေးလေးဟာ Messy လို့ခေါ်ပါတယ်။ သူဟာ Thailand မှာနေထိုင်တဲ့ Oranit Kittragulအမည်ရ အမျိုးသမီးရဲ့ ခွေးပါ။ မကြာသေးခင်က သူနဲ့ သူ့ရဲ့အိမ်နီးချင်းခွေးတစ်ကောင်ကြောင့် အင်တာနက်မှာ နာမည်ကျော်လာခဲ့တာပဲဖြစ်ပါတယ်။

Messy တို့နေတဲ့အိမ်ရဲ့ လမ်းတစ်ဖက်ခြမ်းက ခြံထဲမှာတော့ Audi အမည်ရ Husky အမျိုးအစားခွေးတစ်ကောင်ရှိပါတယ်။ Audi ရဲ့သခင်ဖြစ်သူအလုပ်သွားတိုင်း Audiဟာ ခြံထဲမှာတစ်ကောင်တည်းကျန်ခဲ့တဲ့အခါ အထီးကျန်ပြီး မကြာမဏ အူပြီးဟောင်နေတတ်ပါတယ်။ ဒါပေမယ့် လမ်းတစ်ဖက်ခြမ်းမှာရှိတဲ့ Messy ဟာ Audi ကို လျစ်လျူ မရှူ ထားနိုငိခဲ့ပါဘူး။

Messy ရဲ့ သခင်ဖြစ်သူပြောကြားချက်အရ Audiဟာ ခြံထဲမှာတစ်ကောင်တည်းရှိနေတဲ့အချိန်အော်ပြီဆို Messy က ငြိမ်ပြီး နားထောင်နေတတ်ပါတယ်။ သူမကနေ Audiဟာ Messy ဒီဘက်ကနေ အသံပြန်ပေးတဲ့အချိန်ဆို ငြိမ်သွားတတ်တယ်လို့ဆိုပါတယ်။ ဒါပေမယ့် Audi ရဲ့သခင်ဟာ Audi ကို ခြံထဲမှာ ကြိုးချည်ပြီးထားခဲ့တာမို့ Audi တစ်ကောင် အထီးကျန်နေဆဲပါ။

တစ်ရက်မှာတော့ Audi ရဲ့သခင်ဟာ သူ့ရဲ့ကြိုးကို သေချာမချည်မိခဲ့တာပဲလား၊ ဒါမှမဟုတ် audi ပဲ ကိုယ်လွတ်ရုန်းခဲ့တာလား..audi ဟာ ကြိုးကနေလွတ်ပြီး ဒီဘက်အိမ်မှာရှိတဲ့ Messy ဆီကို ရအောင် ထွက်ပြေးလာခဲ့ပါတယ်။

ဒါကတော့ audi ဟာ Messy ရဲ့ အိမ်တံခါးခြံမှာ မတ်တပ်ရပ်ပြီး messy ကို နှုတ်ဆက်နေပုံပါ။ ဒီပုံဟာ အင်တာနက်မှာနာမည်ကျော်ခဲ့ပြီး အင်တာနက်အသုံးပြုသူတွေများစွာ ပြန်လည်ဝေမျှခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ လွတ်သွားတဲ့ audi ကို သူ့သခင်ကခေါ်ပြီး ခြံထဲပြန်ထည့်ခဲ့ပါတယ်။ အင်တာနက်အသုံးပြု သူတွေကတော့ နောက်ပိုင်းမှာ Messy နဲ့ Audi တို့ တစ်ကောင်နဲ့တစ်ကောင်ပိုပြီးတွေ့ဖြစ်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

Source – Thedodo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။