မိဘဆိုတာက သားသမီးတွေကိုစောင့်ရှောက်ရဖို့ တာဝန်ရှိပါတယ်။ ယခုဖြစ်ရပ်ကတော့ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့တာပါ။ ဖခင်နှင့်မိထွေးတို့က ကလေးသုံးဦးကိုခါးပတ်ဖြင့်ရိုက်ရုံသာမက အမျိုးမျိုးနိုပ်စက်ခဲ့တာပါ။ ထိုကဲ့သို့ နိုပ်စက်ခဲ့သော မိဘနှစ်ဥိးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

ကလေးတွေကတော့ အသက် ၃နှစ်အရွယ်ရှိတဲ့ ယောကျာ်းလေးတစ်ဦးနှင့် ၅နှစ်အရွယ် ၁၀နှစ်အရွယ်ရှိတဲ့ မိန်းကလေးတွေပါ။ အဖေဖြစ်သူကတော့ အသက်၃၃နှစ်ရှိပါပြီ။ နာမည်ကတော့ ဂျိမ်းစ်ဖြစ်ပါတယ်။ မိထွေး၏အမည်ကတော့ ချီယိန်းဖြစ်ပါတယ်။ အသက်ကတော့ ၂၂နှစ်ရှိပါပြီ။

သူတို့လင်မယားတွေအနေဖြင့် ကလေးတွေကိုအမျိုးမျိုးနိုပ်စက်ခဲ့တာပါ။ ခါးပတ်ဖြသ့်လည်း ရိုက်နိုက်ခဲ့ကြပါတယ်။ ဒါ့အပြင် ကလေးတွေကို ခွေးလည်ပတ်ဖြင့်လည်း တပ်ခဲ့ပါတယ်။ ဒါ့အပြင် ကလေးတွေကို အဝတ်ဗလာဖြင့်လည်း အိမ်ရှေ့မှာ မတ်တပ်ရပ်ခိုင်းခဲ့ပါတယ်။ ယခုအခါမှာတော့ ရဲတပ်ဖွဲ့အနေဖြင့် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ထောင်ဒဏ်တွေ အသီးသီချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Source- Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။