ပရိသတ်ကြီးရေ ဒီတစ်ခေါက်မှာတော့ ထူးထူးဆန်းဆန်း သတင်းတစ်ပုဒ်အနေနဲ့ နှစ်ပေါင်း၇၀ ကျော်အချစ်တွေနဲ့ ရွှေလက်တွဲမြဲသွားတဲ့ အမျိုးသမီး နှစ်ဦးအကြောင်းကို ဖော်ပြပေးချင်ပါတယ်။ Vivian Boyack နဲ့ Alice Nonie Dubes တို့နှစ်ဦးဟာ ၇၂ နှစ်ကြာ အတူလက်တွဲခဲ့ကြပြီး ဓလေ့ထုံးတမ်းစဉ်လာအရ လက်ထပ် မင်္ဂလာပွဲကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲလေးဟာ လူအနည်းငယ်နဲ့သာ ကျင်းပခဲ့တာဖြစ်ပေမယ့်လည်း

လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားခဲ့တာဖြစ်ပြီး လူတိုင်းသဘောကျတယ်လို့ သတ်မှတ်ခံခဲ့ရတယ်အထိတောင် ဖြစ်ခဲ့ရပါတယ်။ First Christian Church လို့အမည်ရတဲ့ ဘုရားကျောင်းကြီးထဲမှာ သူတို့ရဲ့မိသားစုဝင် တချို့နဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေရဲ့ ရှေ့မှောက်မှာ အပြန်အလှန် သစ္စာကတိပြုခဲ့ကြပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ အသက် ၉၀ကျော်အရွယ်ရှိနေကြပြီ ဖြစ်ပြီး ၁၉၄၇ ခုနှစ်တွင် Davenport သို့ မရွှေ့ပြောင်းခင် သူတို့ရဲ့ မွေးရပ်ဇာတိ Yale မှာ တွေ့ဆုံ ခဲ့ကြတာဖြစ်ပါတယ်။

စတင်တွေ့ဆုံခဲ့တဲ့ အချိန်မှာ Boyack ဟာ ကျောင်းဆရာမအဖြစ် လုပ်ကိုင်နေခဲ့သူဖြစ်ပြီး Dubes က တော့ ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းလစာ စာရင်းကိုင်အဖြစ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ချစ်သူသက်တမ်းရဲ့ ရတုတစ်ခုကို ဖြတ်ကျော်ဖို့ဆိုတာ နှစ်ဦးစလုံးအတွက် တစ်ကယ့်ကို မလွယ်ကူတဲ့ အရာဖြစ်ပေမယ့်လည်း Vivian Boyack နဲ့ Alice Nonie Dubesတို့ကတော့ နှောင်းလူတွေအတွက် စံထားရလောက်အောင် နှစ် ၇၀ကျော်အထိ ရွှေလက်တွဲမြဲခဲ့တာကြောင့် ပရိသတ်ကြီး ကြည်နူးသွားစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

Source : curry

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။