လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံအတွင်းက ကန်ချန် ကူမာရီ ဆိုတဲ့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ အသက်သေဆုံးတော့မယ့် အန္တရာယ်နဲ့ရင်ဆိုင်နေရတယ်လို့သိရပါတယ်။

ဘာ့ကြောင့်လဲဆိုရင် သူမဟာ ကျောက်ကပ်ရောဂါဝေဒနာကို အပြင်းအထန်ခံစားနေရတာဖြစ်ပြီး သူမရဲ့ကျောက်ကပ်နှစ်လုံးလုံးက အလုပ်မလုပ်နိုင်တော့တာကြောင့် ကျောက်ကပ်အစားထိုးခွဲစိတ်မှသာလျှင် သူမဟာ အသက်ဆက်ရှင်နိုင်ဖို့ ရာခိုင်နှုန်းများလာမှာပဲဖြစ်ပါတယ်။

သို့ပေမယ့် သူမဟာဘယ်လောက်တောင်သနားစရာကောင်းလဲဆိုရင် သူမအတွက်ကျောက်ကပ်လှူပေးမယ့်အလှူရှင် တဦးတယောက်မှ မရှိတာကြောင့်ပဲဖြစ်ပါတယ်။

သူမရဲ့ဖခင်ဖြစ်သူဟာဆိုရင်လည်း သူဟာ မိန်းကလေးဖြစ်နေတဲ့ ကျောက်ကပ်ကို မလှူနိုင်ဘူးလို့ ပြောကြားခဲ့သလို သူမရဲ့မိခင်ဖြစ်သူကိုလည်း ကျောက်ကပ်လှူဖို့ကို လုံးဝစိတ်မဝင်စားတဲ့ ပုံစံနဲ့မြင်တွေ့နေရတယ်လို့သိရပါတယ်။

သူမရဲ့မိသားစုဟာဆင်းရဲနွယ်းပါးတာကြောင့် ကျောက်ကပ်အစားထိုးခွဲစိတ်ရင် ကုန်ကျမယ့် စရိတ်တွေကို မတတ်နိုင်တာမှန်ပေမယ့် သူမရဲ့မိဘတွေကိုယ်တိုင်ကလည်း မိန်းကလေးဖြစ်နေတာကြောင့် ကျောက်ကပ်လှူပေးဖို့ ဆန္ဒမရှိသလို အခြားသူတွေဆီကလည်း ဘာအကူအညီမှမတောင်းပေးဘဲ သူမကို ဆေးရုံးကနေ အိမ်ကိုပြန်ခေါ်ထားခဲ့တယ်လို့ သိရပါတယ်။

မီဒီယာတွေရဲ့ ဖော်ပြချက်တွေထဲမှာတော့ ကန်ချန်လို့ခေါ်တဲ့ ကောင်မလေးရဲ့ယခုဖြစ်ရပ်ဟာ အိန္ဒိယနိုင်ငံအတွင်းမှာ ကျား၊မ ခွဲခြားမှုတွေရှိနေသေးတာကို မီးမောင်းထိုးပြလိုက်တာဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

မည်သို့ပင်ဆိုစေကာမူ မိန်းကလေးဖြစ်နေတာကြောင့် မိဘတွေကလည်း ကျောက်ကပ်မလှူ အခြားသူတွေဆီကလည်း အကူအညီမတောင်းပေးတာကြောင့် အသက်သေဆုံးသွားနိုင်တဲ့ အခြေအနေမှာရှိနေတဲ့ ကန်ချန်ရဲ့ဖြစ်ရပ်လေးကတော့ တကယ်ကြေကွဲစရာကောင်းလှပါတယ်။

Source- Indiatimes

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။