အီရန်နိုင်ငံကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက နောက်ထပ် သင်္ဘောတစ်စင်းကို ထပ်မံဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

သူတို့ယခုဖမ်းဆီးခဲ့တာကတော့ STENA IMPERSO လို့ရေးထိုးထားတဲ့ သင်္ဘောဖြစ်ပြီး တရားမဝင် လောင်စာဆီခိုးတင်လာတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာပဲဖြစ်ပါတယ်။

၎င်းသင်္ဘောပေါ်မှာတော့ လောင်စာဆီ လီတာ ၇ သိန်းလောက် တင်ဆောင်လာပြီး သင်္ဘောသား ၇ ယောက်ခန့်လိုက်ပါလာခဲ့တယ်လို့သိရပါတယ်။

ဒါ့ကြောင့် အီရန် နယ်ခြားစောင့်တပ်ဖွဲ့ အကြီးအကဲတွေဟာ ၎င်းသင်္ဘောပေါ်မှာ လိုက်ပါလာတဲ့ သင်္ဘောသားတွေကိုပါ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

အီရန်ရဲ့ ယခုဖမ်းဆီးမှုကိုတော့ နိုင်ငံတကာက မေးခွန်းတွေများစွာထုတ်နေပြီး ၂၀၁၅ နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန်နှုတ်ထွက်လိုက်တာကြောင့် တုန့်ပြန်တာ အီရန် ဘက်က တုန့်ပြန်တာဖြစ်နိုင်တယ်လို့ ပြောကြားနေကြတာတွေ့ရပါတယ်။

Source - Independent 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။