အိန္ဒိယနိုင်ငံလိုနိုင်ငံမျိုးဟာ လူဦးရေထူထပ်တဲ့အပြင် တိရစ္ဆာန်အရေအတွက်ကလည်း များလှတဲ့ နိုင်ငံတနိုင်ငံပဲဖြစ်ပါတယ်။

များသောအားဖြင့် လမ်းမပေါ်မှာ အစာရှာထွက်တာ၊ အိပ်ဖို့ နေရာရှာတဲ့ ခွေလေခွေးလွင့်တွေကလည်း ပေါလွန်းပါတယ်။

Krishnanagar မြို့မှာတော့ Ammu လို့ခေါ်တဲ့ လေးနှစ်သားခွေးမလေးတစ်ကောင်ကို ပတ်ဝန်းကျင်က မသိတဲ့သူရှားလှပါတယ်။

လူတွေက သူ့ကို သနားလို့ အစားတွေမျိုးစုံ လာကျွေးကြပေမေယ့် လေလွင့်ခွေးတွေဆိုရင် အရမ်းမုန်းတဲ့ တစ်ယောက်သောအမျိုးသမီးကြီးကတော့ သူ့အိမ်နားကို ခွေးတွေကိုလုံးဝအကပ်မခံတာပါ။

တစ်နေ့မှာ ဇီးရှိနေတဲ့ ခွေးမလေး အာမူ ဟာ အဆိုပါအမျိုးသမီးကြီးရဲ့ အိမ်ရှေ့မှာ သားပေါက်ခဲ့ပြီး အမျိုးသမီးကြီးရဲ့ ဒေါသတွေအထွပ်အထိပ်ရောက်ကာ မိုးမိလောင်သလိုဖြစ်ခဲ့ပါတယ်။

ဒါ့ကြောင့် အမျိုးသမီးကြီးဟာ ခွေးမကြီးကို မှတ်လောက်သားလောက်အောင် သင်ခန်းစာပေးချင်တာနဲ့ မွေးခင်းစ ခွေးပေါက်လေးတွေကိုတန်းစီချထားပြီး ကျောက်တုံးနဲ့ ရက်ရက်စက်စက်ထုသတ်ခဲ့ပါတယ်။

အဲ့ဒီနောက် သေဆုံးသွားတဲ့ ခွေးသေကောင်ပေါက်လေးတွေကိုသူတို့အိမ်အနောက်က ကွင်းပြင်ထဲမှာ ပစ်ထားခဲ့တာပါ။

သနားစရာကောင်းတဲ့ ခွေးမကြီးကတော့ အဲ့ဒီမိန်းမကြီးရဲ့ လုပ်ရပ်ကို နားမလည်နိုင်စွာပဲ မျက်စိရှေ့မှာတင်ထိုင်ကြည့်နေခဲ့ရပြီး ခွေးပေါက်လေးတွေပြန်နိုးလာနိုးနဲ့ ပွတ်ချီ သပ်ချီ လုပ်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကိုမြင်လို့ စိတ်မကောင်းဖြစ်ကြတဲ့ အိမ်နီးချင်းတွေကတော့ အဆိုပါအမျိုးသမီးကြီးကို ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပြီး သက်သေအထောက်အထား ခိုင်လုံတာကြောင့် ထောင်ဒဏ်ပါပြစ်ဒဏ်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

တိရစ္ဆာန်လေးတွေဆိုတာ လူတွေကျွေးမွေးစောင့်ရှောက်မှ သူတို့ဘဝတွေက အေးချမ်းစွာ စားသောက်ကြရတာပါ ဒါ့ကြောင့်ပရိသတ်တွေလည်း တိရစ္ဆာန်လေးတွေကို သနားကြင်နာကြပါနော်။

Source - Mensxp 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။