Nuon Chea လို့ခေါ်တဲ့အမျိုးသားကတော့ ကမ္ဘောဒီးယားနိုင်ငံ ခမာနီအစိုးရလက်ထက်တုန်းက ဝါဒရေးရာ အကြီးအကဲတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

သူဟာ လက်ရှိအချိန်မှာ အသက် ၉၃ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး သူဟာ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခံထားရတာပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင်သူဟာ လွန်ခဲ့တဲ့ ၁၉၇၉ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့က အကျဉ်းသား ၁၄၀၀၀ ကိုကွပ်မျက်ဖို့ ညွန်ကြားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

သူအဖမ်းခံခဲ့ရတာကတော့ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်ကဖြစ်ပြီး တရားရုံးကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကိုချမှတ်ခံထားရတာပဲဖြစ်ပါတယ်။

သို့ပေမယ့် လက်ရှိအချိန်မှာတော့ ၎င်းအမျိုးသား Nuon Chea ဟာ သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

သူသေဆုံးခဲ့တာကတော့ မနေ့က သြဂုတ်လ ၄ ရက်နေ့ကလည်း ဒီသတင်းကို ကမ္ဘောဒီးယား အထူးတရားရုံးက ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Source - CNN

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။