အိန္ဒိယအစိုးရကတော့ လက်ရှိအချိန်မှာ

ကက်ရှ်မီးယားဒေသရဲ့ အထူးအုပ်ချုပ်ခွင့် အဆင့်အတန်းကို ရုပ်သိမ်းလိုက်ပြီလို့ သိရပါတယ်။

သူတို့ရုတ်သိမ်းခဲ့တာကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့က ဖြစ်တယ်လို့ သိရပါတယ်။

ယခုလိုလုပ်ရပ်ဟာ ကက်ရှ်မီးယားဒေသကမဟုတ်တဲ့သူတွေ ၎င်းဒေသမှာ အိမ်ရာယူဝယ်ခွင့်တားမြစ်ထားတာကို ပယ်ဖျက်ပေးတဲ့လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်လို့ သိရပါတယ်။

ဒါ့အပြင် ၎င်းလုပ်ရပ်ဟာ နိုင်ငံရဲ့ မွတ်စလင်အများစုနေထိုင်ရာ ဒေသကို ကျန်ဒေသတွေနဲ့ တစုတစည်းတည်းရှိစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

သို့ပေမယ့် ကက်ရှ်မီးယားဒေသက နိုင်ငံရေးခေါင်းဆောင်တွေကတော့ အခုလို ပြည်နယ် အထူးအုပ်ချုပ်ခွင့် အဆင့်အတန်း ရုပ်သိမ်းလိုက်တဲ့အတွက် မငြိမ်သက်မှုတွေ ရှိလာနိုင်တယ်လို့ သတိပေးထားထားကြောင်း သိရပါတယ်။

SOURCE - Thehansindia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။