Sophie အမည်ရ အသက် ၂၂နှစ်အရွယ်ရှိ ရုရှားကောင်မလေးဟာ တရုတ်ပြည်မှာ ပညာသင်ကြားဖို့အတွက် Heiheအမည်ရမြို့ကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကလာရောက်ခဲ့ပါတယ်။ သူမဟာ အဆိုပါမြို့မှာ အချိန်အတန်ကြာနေထိုင်ခဲ့ပြီး တရုတ်ပြည်ရဲ့ယဉ်ကျေးမှူနဲ့ လူမှုဘဝကိုနှစ်သက်တာကြောင့် ဘွဲ့ရပြီးတာတောင် မိခင်ရုရှားနိုငိငံကိုမပြန်ဘဲ တရုတ်ပြည်က ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။

၂၀၁၆ခုနှစ်မှာ သူမဟာ Chenအမည်ရ တရုတ်အမျိုးသားတစ်ဦးကို သူမရဲ့သူငယ်ချင်းကနေတစ်ဆင့် တွေ့ရှိခဲ့ပါတယ်။ Chen ဟာ Sophie နဲ့တွေ့ပြီးနောက် အရဲစွန့်ပြီး Sophieနဲ့ ဆက်သွယ်လို့ရမယ့် အကောင့်ကိုမေးခဲ့ပြီးနောက် Chen နဲ့ Sophie ဟာ တဖြည်းဖြည်းနီးစပ်လာခဲ့ပါတယ်။

တကယ်တော့ Chen ဟာ မိုင်းလုပ်သားတစ်ယောက်ဖြစ်ပြီး စုထားတဲ့ပိုက်ဆံမရှိ၊ အိမ်မရှိ၊ ကားမရှိတဲ့အမျိုးသားတစ်ဦးဖြစ်ပါတယ်။ Sophie နဲ့ Chen ဟာ နီးစပ်လာပြီးနောက် Sophie ဟာအလုပ်ကနေထွက်ပြီး Chenနေထိုင်တဲ့ မိုင်းတွင်းအပြင်က အိမ်လေးမှာ နှစ်လတာ တူတူသွားနေပါတယ်။ အဲအိမ်မှာဆိုရင် ရေချိုးတဲ့နေရာနဲ့ အပေါ့အလေးစွန့်တဲ့နေရာဟာ အိမ်အပြင်ဘက်မှာရှိတဲ့အထိ နုံချာတာပဲဖြစ်ပါတယ်။

Chenဟာ နောက်ပိုင်းမှာ မိုင်းတွင်းအလုပ်ကနေထွက်ခဲ့ပြီး Sophie နဲ့အတူ အလုပ်ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။

နှစ်ယောက်အားနဲ့ အတူတူကြိုးစားလုပ်ကိုင်ခဲ့တဲ့အချိန်မှာတော့ ဘယ်လောက်ကြီးမားတဲ့ အန္တရယ်တွေပဲဖြစ်ဖြစ် ကျော်ဖြတ်ခဲ့ပြီး သူတို့ရဲ့အိမ်မက်ဖြစ်တဲ့ ကိုယ်ပိုင်အိမ်လေးတစ်လုံးနဲ့ ကားတစ်စီးကို ဝယ်ယူနိုင်ခဲ့ပါတယ်။

ကြိုးစားနေဆဲအချိန်ကာလမှာတော့ သူတို့နှစ်ယောက်ဟာ Sophie ရဲ့မိဘတွေရှိတဲ့ ရုရှားကိုသွားပြီး လက်ထပ်ပွဲကျင်းပြကာ ထိမ်းမြားခဲ့ကြပါတယ်။

Sophia ကတော့ Chen လိုဘာမှမရှိတဲ့လူတစ်ယောက်ကိုရွေးချယ်ခဲ့တဲ့ အတွက်နောင်တမရပါဘူး ၊ အခုမရှိပေမယ့် နောက်ရှိလာနိုင်ပါတယ်။ အဓိက သူ့ကိုကျွန်မချစ်တယ် ဒါကြောင့် ကြုံလာတဲ့လောကဓံတွေကို ကျွန်မကြံကြံခံရင်ဆိုင်သွားမှာပါ ၊ သူနဲ့အတူနေရတဲ့ဘဝလေးမှာလည်း ကျွန်မအရမ်းပျော်ပါတယ်လို့ ပြောဆိုခဲ့ကြောင်း သိရပါတယ်။

Source : Next Shark

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။