ပြိုင်ကားမောင်းသမား တစ်ယောက်ဟာ Formula E ကားမောင်းပြိုင်ပွဲ မတိုင်မီ သာမန်နဲ့ မတူ တမူ ထူးခြားတဲ့ စတန့် ထွင်မှု တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ ကုန်းပေါ်မှာ အမြန်ဆုံး သတ္တဝါလို့ သတ်မှတ်ခြင်း ခံထားရတဲ့ ကျားသစ်နဲ့ ယှဉ်ပြိုင်မောင်းခဲ့တာပါ။ သူ့နာမည်ကတော့ Jean-Eric Vergne ဖြစ်ပြီး သူဟာ Formula E ပြိုင်ကားနဲ့ ကျားသစ်ကို ယှဉ်ပြိုင်မောင်းခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့ Formula E ပြိုင်ကား ဟာ တစ်နာရီကို မိုင် ၆၀ လောက် နှုန်းနဲ့ မောင်းနှင်နိုင်ပါတယ်။ ကျားသစ် ဟာ လည်း အဲ့ဒီ့လောက်နှုန်းနဲ့ ပြေးနိုင်ပါတယ်။ တောင်အာဖရိက နိုင်ငံ အနောက်ဘက် မှာ ပြုလုပ်ခဲ့တဲ့ ပြိုင်ပွဲမှာ တော့ ပြိုင်ကားမောင်းသမား Jean-Eric Vergne က အနိုင်ရရှိခဲ့ပါတယ်။ မီလီမီတာ အနည်းငယ် လောက် အကွာ နဲ့ သာ အနိုင်ရခဲ့တာပါ။

ရည်ရွယ်ချက်ကတော့ ရာသီဥတု ပြောင်းလဲမှုကြောင့် ကျားသစ် လိုမျိုး တိရစ္ဆာန်တွေ အတွက် အန္တရာယ် ရှိနေတာကို လူတွေသတိပြုမိစေဖို့ပဲဖြစ်ပါတယ်။

ပရိသတ်တွေ ကြည့်ရှုနိုင်စေဖို့အတွက် ကျားသစ်နဲ့ Jean-Eric Vergne တို့ယှဉ်ပြိုင်ခဲ့တဲ့ ဗီဒီယိုလေးကိုပါ တပါတည်းဖော်ပြပေးလိုက်ရပါတယ်။

Source – Abb Formula E 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။